သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ညိုထက်(လမ်းသစ်ဦး)၊ လူခက်၊ နေပန်ဦးတို့၏ကဗျာများ

သစ္စကပုရိဗ္ဗိုဇ်
eliseblaha.typepad.com
 ဒဿ        နဟာ
အဘိဓမ္မာကို ရှာဖွေတွေ့ရှိခဲ့ပြီ။

တိဘက်တောင်ကုန်းတွေပေါ်
ပုရပိုဒ်တွေ ရှာဖွေဖတ်ရှုခဲ့တဲ့သူမ
ပစ္စက္ခ
အဘိဓမ္မာရှိတဲ့ နိုင်ငံရေးသမား။

အတိတ်ရဲ့တနေရာ
ကျနော့် ကို သူမ ခွေ ခဲ့ဖူးတယ်။

တရားရင်ပြင်ထဲ
အယူအဆကို အသဲအမဲကိုင်လို့
တရားတဘောင်
ဗုဒ္ဓနဲ့အပြိုင် စကားတွေပြောခဲ့ကြ
ကျောက်ကွင်းအရေးတော်ပုံကို သတိရမိတယ်။

မော်စီတုန်းရဲ့ ဟန့်စကား
၎ ဦး ဂိုဏ်းမဖြစ်စေနဲ့တဲ့
အဲဒီ ၄ ဦး ဂိုဏ်းရဲ့ ပြင်ပ
ယဉ်ကျေးမှုတော်လှန်ရေး ဘတ်တော်သား
ကျောင်းသားတွေကို လှုံဆောင်မှုပေးခဲ့တဲ့ ဒဿ        နဆရာမ
ပစ္စက္ခ
ကျောင်းသားတွေကို
သရက်သီးနဲ့ ဖိနပ် လက်ဆောင်ပေးသူဖြစ်လာတယ်။

ညိုထက် (လမ်းသစ်ဦး)

၆ - ၇ - ၂၀၁၆



စလုံးပြန်

marilynfenn.com
 
ငါမယူလည်း ဒီဒုက္ခဟာ
ငါ့ဒုက္ခပဲ

ငါမကြားချင်လည်း ရှင်းပြနေတာ
ငါ့မိတ်ဆွေပဲ

ငါမမြင်ချင်လည်း မြင်နေရတာ
ငါ့မြင်ကွင်းပဲ

ပြည်သူ့ရင်ပြင်ကအစ
လွတ်လပ်ရေးကျောက်တိုင်ကြီးအဆုံး
အကုန်လုံးကိုကြည့်ဖို့
ငါ့မျက်လုံးကို ဗားရှင်းနိမ့်ထားပါတယ်
ရန်ကုန်။

လူခက်

..


ငါ့မှာ အကောင့်တခု ရှိတယ်
 
www.qiqigallery.com

လတ်တလော ခြင်ထောင်ထဲဝင်ရမယ့် အခြေအနေ
ခြင်တွေမှာ သနားကြင်နာတတ်မှု နားပါးလွန်းတယ်
ငါ့ မျက်နှာ တင်လိုက်ရင် ငရဲပေးရာ ကျနေမလား
ဒါမှမဟုတ် ဆန္ဒပြတာ၊ ဟာသဖြစ်တာပဲ ရှယ်လိုက်ရမလား
စီမံကိန်းနဲ့ စီမံချက်တွေနဲ့ ပြေးလွှားနေရတဲ့ အိုးမဲ့အိမ်မဲ့တွေ
ဒီဇာတ်လမ်းမှာကွယ် ဒုက္ခနဲ့သုခဟာ အမွှာလို့စပ်ဆိုရမလား
ဖွင့်ကြည့်လိုက်တိုင်း ရက်စက်ကြမ်းကြုတ်မှုတွေ ပြီးတော့
ကပ်ဆိုးကြီးများနဲ့ ကမ္ဘာတလွှား၊ ကြောင်တွေလိုအီသံများ
လွတ်လပ်မှုနဲ့ လွတ်လွတ်လပ်လပ် ဆဲရေးသံများ
ငါ မုန်းတီးတာ ထမင်းစား၊ ရေသောက်တာကနေ
အညစ်အကြေး စွန့်တာကနေ လှလားလို့အဆုံးတင်ပြမှု
နှစ်ပေါင်း (၆၀) ကျော် နောက်ကျတယ် မထင်ပါဘူး
စနစ်တကျ ဖျက်ဆီးခံရတဲ့ အထီးကျန်နှစ်တစ်ရာမှာ
သူတို့ကိုယ်တိုင်မသိလိုက်တဲ့ ပျက်သုဉ်းနေတဲ့မျိုးဆက်
တွင်းထဲထိပူလို့ ပုရွက်ဆိတ်တွေ ရေအိုးပေါ်တက်လာတာ
ချွေးစွန်းပေါင်မုန့်အစတွေ လမ်းပေါ်ချီတက်လာတာ
ငါ ယုံတယ် ဒီကမ္ဘာမကျော်တဲ့ လူသားတွေအပေါ်မှာ
ဘယ်သူမှ မယုံကြည်ရင်လည်း သူတို့က အဲ့ဒီမှာ အသေခံဘ၀တွေ
မီးဖိုချောင်က ပြာစတွေလို အဲဒီ့မှာ လောင်ကျွမ်းထားတဲ့ အိပ်မက်တွေ
အလိုက်တသိမရနိုင်တဲ့ စာနာမှုနဲ့ အစွန့်အပစ်ခံငြိမ်းချမ်းရေးဟာ
အဖေလို့ပြောစရာ အမေလို့ခေါ်စရာ ရှာနေရတုန်း
ဒါကြီးပေါ်လာမှ အချိန်နဲ့တပြေးညီ ချည်နှောင်ခံထားရတဲ့ ငါတို့တွေ
ဒီနေ့မှာ လူတိုင်း ကဗျာဆရာနဲ့နိုင်ငံရေးသမားဖြစ်နိုင်တဲ့အခြေအနေမှာပဲ
လူကြီးမင်းများ သူခိုးရွှေရ တပြပြ ဖြစ်မနေဖို့ …။


နေပန်ဦး

Comments