သစ်ခက်သံလွင်-၆၉ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ကဗျာ၊ လင်းသက်ငြိမ်၊ ဇာနည်သွေး-ပလိပ်

အာဇာနည် 
အင်တာနက်မှယူသည်
 ဘယ်သူ့လက်ချက်နဲ့မှ
နောက်ထပ်မလိုချင်တော့တဲ့ ရတနာ
ကျွန်တော်တို့
ကမ္ဘာနဲ့ချီပြီး  ငြင်းတယ်……။      ။

ဇာနည်သွေး ( ပလိပ် )
8.7.2016


ဘယ်တော့မှ မသေနိုင်တဲ့ ၁၉ ဇူလိုင်
Aung Htet
 လူတွေကို ခွေးသတ်တဲ့ဇာတ်က
အခုထိ မျက်ရည်တွေကိုချူနေတုန်း ပဲ
ဝုန်းခနဲ ကန်ဖွင့်ခံရတဲ့ တံခါးပေါက်
ဂျိုင်းခနဲ တိုက်ပိတ်ခံရတဲ့မနက်ဖြန်
ပြိုလဲသွားတဲ့ ကိုယ်ခန္ဓာတွေ
ကြမ်းပြင်ပေါ်အကျမှာ
အလင်းရောင်ဟာ သေဆုံးသွားတယ်
အမှန်တရားက အမြဲတမ်းအကျအရှုံးများများပဲလား
လောက...
ကျည်ဆံတွေက လူတွေကိုအသေသတ်တော့
နာမည်တွေက
အပြိုင်းအရိုင်းကြီး ရှင်သန်တယ်
နာမည်တွေထပ်ပြီးသတ်တော့
ယုတ်မာမှုကို အထင်းသားမြင်ရတယ်
သမိုင်းက အမှောင်ကျခဲ့တယ်
သမိုင်းဟာ အမှောင်ဖုံးခဲ့တယ်
သမိုင်းကို အမှောင်ချခဲ့ကြတယ်
သေချာပါတယ်
ခေတ်အဆက်ဆက် အာဏာဆိုတာ
လူစိတ်ကင်းမဲ့ခဲ့ပါတယ် ။      ။

လင်းသက်ငြိမ်
၁၉.၇.၂၀၁၄
မနက်၂နာရီ၂၂မိနစ်မန္တလေး

Comments