သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ခရမ်းပြာထက်လူ၊ ကိုခြူးလေး(MP)၊ လူခက်


အချင်းချင်း မမျှားနဲ့ 

 
btec3artdesign.blogspot.com

မင်းသာ အင်ဂျင်ကိုင်လိုက် ငါ
ဘီးကိုလေထိုးပေးမယ်
ကဗျာချင်း အိုးမဲသုတ်ခွပ်နေတယ်
ဂစ်တာချင်း ကီးချိန်းရိုက်နေတယ်
တနင်္ဂနွေ
တနလာင်္မနက်ခင်းတွေမှာ
တကိုယ်လုံးလေလျော့ပြီးပြန်လာတဲ့ ဘောသမားတယောက်လို
အရှုံးနဲ့တွေ့တဲ့အခါ
“ဒါ အလုပ်သဘောတွေပါ”
ဘောလုံးဆိုတာ ဘောလုံးကွင်းကြီးပါလို့တော့
သူမဆို လက်ထဲက ဒင်္ဂါးပြားနဲ့တူတယ်လို့တော့
သူပြောရှာပါတယ်
ကိုယ့်ဘ၀ကိုထမ်း
ကိုယ့်အသက်ကိုယ်ရွက်ပြီး
ကြိုက်တဲ့လမ်းကသွား
ရှေ့ကပန်းခြံထဲ
မင်းရုပ်တုရောက်လာတဲ့အခါ
အများပြည်သူနဲ့အတူ
တညီတညွတ်တည်း
ငါအလေးပြုမယ်
ဘယ်လိုပဲပြောပြော
မညီညွတ်မှုနဲ့
ညီညွတ်ဖို့တော့လိုတာပေါ့
လှိုင်းကြီးလှေအောက် လှိုင်းအောက်ကဖြတ်ပြေးသွားတဲ့
ရေလွှာလျောစီးသမားကိုညစာကျွေးဖို့
ကမ်းခြေမှာအတက်ကြွဆုံးလူအုပ်ကြီးစောင့်နေကြ
အမြောက်ကန်တင်လိုက်တဲ့လှိုင်းကို
ရင်ဘတ်နဲ့ထိန်းပြီး
ဂိုးပေါက်ထဲပြန်ကန်ထည့်လိုက်တဲ့ကျောက်ဆောင်လို
နေလုံးကြီးအနောက်ထဲဂိုးဝင်သွားတယ်
ညီတော်အာနန္ဒာရဲ့တသက်တာမှတ်တမ်း
ရွှေဥဒေါင်းရဲ့တသက်တာမှတ်တမ်း
မင်းတို့ငါတို့ရဲ့တသက်တာမှတ်တမ်း ဘာလဲ
ဘဲလေးအကလည်းကောင်းတာပဲ
Sexy dance လည်းကောင်းတာပဲ
ရွှေမန်းတင်မောင်အကလည်း ကောင်းတာပဲ
သူ့ခေတ်နဲ့သူ့ခါးကတော့
အတော်ပါပဲ
ဂျင်းဘောင်းဘီအပြာ
ရှပ်အင်္ကျီအဖြူလေးနဲ့
ဟို ကောင်းကင်မလေး
ငါတို့အားလုံးဝိုင်းကြိုက်
ပျော်ရွှင်မှုကိုပျင်းပျင်းရှိတိုင်း
ကောက်စွပ်ထွက်သွားလို့ရတဲ့ကောင်တွေဖုန်ထနေသလို
တာဝန်တွေကြားထဲက
ကိုယ်တိုင်ကွက်စိပ်ဟောပြီး
ကိုယ်မိန်းမကိုယ်ဖျော်ဖြေခဲ့တဲ့
နိုင်ငံ့ခေါင်းဆောင်ကြီးတယောက်လည်းရှိခဲ့တယ်
ကိုယ်သန်ရာသန်ရာ
တောခိုမလား တောထွက်မလား
လုပ်လေ
ငါ့ကိုထိုးမယ့်
မင်းဓားမြှောင်ရဲ့မျှော့ကြောင်းအတိုင်းသာမှေးပြီးလိုက်ခဲ့စမ်းပါသူငယ်ချင်း
ငါ့နှလုံးသားနားမရောက်ခင်
ငါဘာလဲဆိုတာ မင်းသိသွားမှာပဲ။ ။ 


ခရမ်းပြာထက်လူ 


ကိုယ့်ရနံ့နဲ့ကိုယ် 

 
twitter.com

လမပြည့်တဲ့ အဲဒီညမှာ ....
လွတ်လပ်ပေါ့ပါးမယ်ထင်လို့
ပျော်စရာတွေထဲခေါင်းထိုးထည့်ထား လိုက်မိတယ်
ဒါပေမဲ့
အရောင်တို့က တိတ်ဆိတ်လွန်းတော့
ကိုယ့်ကိုယ်ကို ဘရိတ်ဖမ်းရတာ မလွယ်ဘူး
စိုရွဲနေသော အမှောင်မှာ
ဝိုးတ၀ါး မွှေးပျ
အလင်းတစ်စနှစ်စ
ကျနော်ထံ ပျက်ကျလာတယ်
ပုံရိပ်တွေနဲ့ ကြယ်ကလေးများရဲ့
ကူးခတ်နေကြတဲ့ ကိစ္စက
မိုးသားတိမ်တိုက်တို့ ဆွံအသွားခဲ့ရသလို
ညက ငါ့ကို ကိုက်ချီသွားပြီ
ကိုယ့်ရနံ့နဲ့ကိုယ်ဆိုတော့
ငါကလည်း ....
လေပြေ လေညင်းလေးလို
ရောက်တက်ရာရာ နေသားတကျ  ။  ။

ကိုခြူးလေး(MP)


ဘာမှမတန်တဲ့ကဗျာ

 
alfa-img.com

ပင်လယ်ပြင်ထဲ ခုန်ပျံနေတဲ့ လရောင်လောက်
ကြယ်ငါးတွေက မတင့်တယ်
အလင်းပေါ်စ နေခြည်မဖြာခင်ထိတော့
ကြက်တွန်သံက နာရီစင်ထက်မြင့်တယ်
အရိုးချင်းခေါက်တာ မျက်လှည့်ဆရာရဲ့ဝမ်းစာ
ခေါက်ရိုးကြေနေတာတွေ မီးပူတိုက်
ငါတို့နဲ့ ငါတို့ရဲ့ကြားမှာ လက်ညှိုးတွေချိုး
စကားတွေပြောခဲ့ကြတယ်
ရင်ဘတ်တွေကိုနက်ဝက်ချိတ်
ကွန်ရက်ကိုခြမစားမှကောင်းမယ်
မင်းတို့ပါးစပ်က ကျည်ဆန်တွေ
ငါတို့နားကိုလာလာထိတယ်
လေပူပေါင်းလို စိတ်ဓာတ်နဲ့ အိတ်ကပ်ကို
လာပုတ် မပြပါနဲ့
ငါတို့မနက်စာ ထမင်းချိုင့်တွေအခွံ
အပေါက်ချင်းထပ်နေတဲ့အမိုးအောက်က
ကလေးတွေနို့ဘူးပျောက်
အာမခံမရှိတဲ့ အစာအိမ်တွေ
လမ်းမကြီးပေါ် လိမ့်လို့
ဟောဒီ ကဗျာဟာ ဘာမှမတန်ကြောင်း
အာမခံပါသည်

လူခက်

Comments