သစ်ခက်သံလွင်ကဗျာစင်မြင့်- ဆလိုင်းမြတ်နိုးသူရဲ့ ငါ့ခရီးသွားမှတ်တမ်းဖတ်မယ် မင်းပျော်နိုင်မှပျော်လိမ့်မယ်

ငါ့ခရီးသွားမှတ်တမ်းဖတ်ပြမယ် မင်းပျော်နိုင်မှပျော်လိမ့်မယ်
 
www.webdesignerdepot.com


ဂူဂဲလ်မှာ ငါကြိုက်တဲ့စကားလုံးတချို့ မြန်မာလိုရိုက်ထည့်တော့
ငါ့နိုင်ငံ ငါ့အဆင့်အတန်းရယ် ငါသိရတယ်။
သူမဟာ ငံနေတဲ့ မြေကြီးတွေမှာ အခြေခံသိမှုဖြစ်တဲ့ Gypsum တွေ
ထည့်ပြီးပျော်နေတုန်း ခွေးတွေ အုပ်စုလိုက် ပြေးလာနေကြပုံဟာ
မြင်ကွင်းကိုရှောခ့်ဖြစ်စေ။ ငါ့ကိုနာကျင်စေ။

ဝါယာကြိုးတွေ ဖျစ်ညှစ်ပြီး အော်သံကို မြှင့်တယ်။
ငါက လိုင်းပေါ်ကနေ ဆရာကြီးပဲလို့ လွှင့်တင်ထား။
ငါ့လိုဆရာကြီးတွေက အများကြီးပဲ။
ဒါကို ကောင်းကောင်းကြီးသိတယ်။ ခရီးသွားနေတဲ့ပုံတွေ ဓာတ်ပုံတွေ
ပြန်ပေါ်လာ။ တယောက်က ကတ်ကြေးနဲ့ထိုးဖို့ချိန်ရွယ်နေတဲ့ပုံ။
တယောက်က ယင်ကောင်တွေကို လက်ညှိုးထိုး
တခုခုပြောပြီး ရေထဲဒိုင်ဗင်ထိုးချပုံ။ နောက်ပုံတွေကတော့ ပျင်းရိစရာများ။
မြေကြီးတွေ ကျောက်စရစ်ခဲတွေ ရေမရှိတော့တဲ့ ပုံတွေ
တခါသုံးဆိုပေမယ့် ထပ်ခါထပ်ခါသုံးပြီးလို့ ကျိုးပဲ့နေတဲ့ ဆေးထိုးအပ်ကာကွယ်ရေး
ကျန်းမာရေး ပိုစတာ ဂျာနယ်အပိုင်းအစတွေ။

ငါတွေးမိပါတယ်။ တစုံတခုဟာ ငါ့ကိုအမြဲချောင်းမြောင်းနေတာ။
ချိန်နေတာ။ အားလုံးသိတဲ့အရာတွေက မဖြစ်စလောက်ကလေးတွေလို့
အခိုင်အမာပြောနေတာ။ ဖုန်းကိုင်ပိတ်လိုက်ပြီး မှ ပြောဖို့
တပုံကြီးကျန်နေသေးတာတွေ ထပ်တွေ့ရ။
ဂူဂဲလ်ကနေ ဆင်းပြီးမှ စိတ်သက်သာရာမရခဲ့တဲ့အကြောင်းတွေ ။

အော်ပစ်လိုက်ပါ ဒီလိုလုပ်မှထွက်သွားမယ်လို့ သူ့ဆီက ကြားရတော့
ငါက ဘယ်လိုပြန်ဖြေရမလဲ စိတ်ဝင်စားဖို့သိပ်ကောင်းမယ်ထင်ပါတယ်။

ဆလိုင်းမြတ်နိုးသူ
2016 June 22

Comments