ရောက်တတ်ရာရာ (၁) မှ (၅)
ရောက်တတ်ရာရာ(၁)
အရူးရေးနေတဲ့ပန်းချီကားဟာ
ကဗျာတပုဒ်ဖြစ်ကြောင်း
စာလုံးပေါင်းပြသွားတဲ့ တိမ်တွေ။
ဒီလူ(တောင်တွင်းကြီး)
…
ရောက်တတ်ရာရာ(၂)
ဆေးရောင်ပြယ်နေတဲ့ဂျင်းဘောင်းဘီထဲက
လူငယ်ဘဝမှာ
ထီမထင်မှုဟာတို့လို့တွဲလောင်း။
ရှေးစကားလောက်နဲ့တော့ တက်မလာခဲ့နဲ့ ။
။
ဒီလူ(တောင်တွင်းကြီး)
….
ရောက်တတ်ရာရာ (၃)
ငါ့တိုင်းပြည်ဟာ
ပြည်တွင်းစစ်နဲ့ဒီမိုကရေစီနဲ့
၁၂လရာသီပွဲတော်နဲ့
ဖောက်ပြန်နေတဲ့ရာသီဥတုကို
မဲ့ပြုံးပြုံးပြီးအံတုနေတာချစ်စရာ။
ဒီလူ(တောင်တွင်းကြီး)
…
ရောက်တတ်ရာရာ(၄)
မှန်တယ်ထင်ရင်ပစ်ကြည့်ပေါ့
ဘယ်နက္ခနဲ့စိုက်ဝင်သွားမလဲလို့...
ပစ်မှတ်ကသူ့အထာနဲ့သူ
လှလှပပလန်းလို့။
ပိုးစိုးပက်စက် ဂွမ်းလို့ ။
ဒီလူ(တောင်တွင်းကြီး)
…
ရောက်တတ်ရာရာ(၅)
လေတွေတိုက်နေတယ်
လေတွေတိုက်နေတယ်
လေတွေတိုက်နေတယ်
အချိန်အခါမဟုတ်
ကြွေတဲ့ ဝေတဲ့ ပစ္စုပန်တွေ...
ဒီလူ(တောင်တွင်းကြီး)
Comments
Post a Comment