ပါးကွက်သား
ကိုယ့်တရားကိုယ်စီရင်ရ
ခွေးခေါင်းဖြတ်စက်လား
သစ္စာရှိရှိလွန်း
နှစ်ကာလတွေမည်မျှပင်ရှည်ရှည်
အဆိပ်ရှိသောအသီးများချိုမြိန်ပ
။
နေစိမ့်
..
ပိတုန်းဖမ်းသမား
ကာလီဒါသရဲ့ ငုံနေတဲ့ကြာဖူးထဲမှာ
ပွင့်ချိန်တွေ သီးချိန်တွေ။
မချူသာပြန်
ယူရန်လက်နှေးခဲ့တာမဟုတ်
အခွင့်အခါကောင်းကိုစောင့်တဲ့။
လေမတိုက်ပဲ လှုပ်နေတဲ့
ပိတုန်းတောင်ပံခတ်သံတွေ
သူ့တောင်ပံတွေလှုပ်လိုက်တိုင်း
အရောင်တွေက ယှက်ဖြာ
အစိမ်း
အပြာ
ခရမ်း
…. အမွှာ။
ကျနော်ရင်ဆိုင်ခဲ့ရတဲ့
နိုင်ငံရေးလောကဓံတွေထဲက အနုပညာ။
သူ့တောင်ပံလှုပ်လိုက်တိုင်း
ကျနော့် ရင်ခွင်လှုပ်တယ်
ကျနော် ရင်ခွင်လှုပ်လေတိုင်း
သူ့ မျက်ရက်တွေ လှုပ်ခါတယ်
ဘ၀ချင်းယှက်နွယ်ထားတဲ့
နှလုံးသားပါးလွှာမှုတွေ။
ညိုထက်
(လမ်းသစ်ဦး)
၉ - ၆ - ၂၀၁၆
…
မျှော်လင့်ခြင်းမှာ
ဆူးတွေ စူးလို့
အလွန်အကျွံ ရည်မွန်မှုတွေ၊ မြတ်နိုးမှုတွေက
မျှော်လင့်ခြင်း တထွေးကြီးနဲ့ 
လည်မျိုဝိုင်းညှစ်ကြတဲ့အခါ
ကဗျာဟာ
ပါးစပ်ထဲက နှင်းဆီပွင့်ဖတ်တွေအန်ကျလို့
နှာခေါင်းထဲက နှင်းဆီရနံ့တွေ လျှံကျလို့
ညနေခင်း ဆန်ရှာထွက်ရှာတဲ့အဘွားအိုတယောက်
ပွင့်ဖတ်တွေကို ဆန်နဲ့ရောကျိုဖို့ပွေ့သွားတယ်
ရနံ့တွေကတော့...
တစကိုယ်စာအလင်းပေးထားတဲ့လမ်းနံဘေး မီးတိုင်အောက်
ချမ်းနေရှာတဲ့မိန်းမလှလေးကို ထွေးပွေ့သွားတယ်
ဝမ်းစာဟာလွန်းတော့ ကိုယ်တိုင်နာမကျန်းဖြစ်ချင်လာသူ ကဗျာပေါ့ ...။ ။
ကျော်ကျော်(မြရည်စမ်း)
၎ ၊ဇွန်လ၊ ၂၀၁၆
Comments
Post a Comment