ကြောင်ခြူဆွဲမယ့် ကြွက်
artmoscow.wordpress.com |
ပုံပြင်တပုဒ်ရှိတယ်။
အီစွတ်ပုံပြင်လား၊
ဆီစွတ်ပုံပြင်လားဆိုတာတော့
သိဘူး။
ဆရာမောင်သာရတော့
ဝတ္ထုတပုဒ်
ရေဖူးတယ်။
ကြောင်ကို
ဘယ်သူ
ခြူဆွဲပေးမလဲတဲ့။
ဒေသတွင်း
အဲ အိမ်အတွင်းမှာ
ကြောင်တကောင်
ဗိုလ်ကျစိုးမိုးနေတာနဲ့
ပတ်သက်ပြီး
ကြွက်တွေ
ထိပ်သီးဆွေးနွေးပွဲ
လုပ်ကြတယ်။
ကြွက်လည်တကောင်က
တင်ပြတယ်။
ကြောင်ကို
ခြူဆွဲပေးလိုက်ရင်
ကြွက်တွေ
ကြိုတင်ရှောင်တိမ်းနိုင်မှာမို့
ဘေးကင်းပြီတဲ့။
ပြဿနာကတော့
ကြောင်ကို
ဘယ်သူ
ခြူဆွဲပေးမလဲပေါ့။
တကယ်လို့
ခြူဆွဲဖို့ တာဝန်
ခင်ဗျားကို
ပေးခဲ့တယ်ဆိုရင်
အဲ့ဒါ ခင်ဗျားကို
ခေါင်းဆောင်ခန့်တာ
မဟုတ်ဘူး။
ကလေးတောင်
သိတယ်။
အဲ့ဒါ အချွန်နဲ့
မ တာ။
နရီမင်း
၉ -၆- ၂၀၁၆
…
ပြန်လာမလား...မနက်ခင်း
မတရားမှုတို့ငြိမ်သက်စ
ခွန်အားတို့၏အဆုံးယိုင်ညွှန်းကိန်းထဲက
လောက်တွေ
ပြိုသွားတဲ့ကျီးတအုပ်ရဲ့ဒဏ်ရာဆေးကြောစ
လက်ထပ်ပွဲပြီးဆုံးရာခန်းမဆောင်
ဖြူစင်မှုရဲ့သင်္ချိုင်းဖြစ်ခဲ့သောပန်ချီးကားချပ်
သက္ကရာဇ်တို့ရဲ့ဝန်းကျင်ကိုကျော်လွန်စ
ရည်စူးမထားတဲ့ဘဝထဲက နှုတ်သီးရာကွဲအက်စ
အရာရာ ကစဥ့်ကလျားဖြစ်မှုထဲက ပြန်ဆယ်ထုတ်လာပြီးစ
ရေမွန်းပျော့ခွေနေသောစက္ကူတရွက်
တိမ်းပါးသွားသောအရှင်လတ်လတ်တို့ရဲ့စုတ်ချက်ကြမ်းကြမ်း
သမိုင်းကိုထမ်းပြီးမီးခိုးနဲ့သင်းသတ် ပစ်လိုက်တယ်။
နားနှစ်ဖက်ကမ်းနေတဲ့မြို့ကလေးထဲကို
အဲဒီလိုဖြတ်စီးသွယ်တန်းနေတဲ့မြစ်တစင်း
ခုန်ပျံနေတဲ့ငါးပျံတွေ
မီးစိမ်းကိုမျှော်ပြီး...မီးနီထဲမှာစိမ်ထားကြ
မြစ်ဟာလည်း အိပ်ရာကနိုးပြီး
ကိုယ်ကိုဘယ်ညာရမ်း ပျင်းကြောဆန့်ရင်း
ရေစီးဖို့အတွက်တိုင်ကပ်နာရီကို မော့ကြည့်နေတယ်
အိမ်ကလေးတွေလည်း
ကျည်သံလား...ခြေသံလားနားစွင့်ရင်း
မျက်နှာသစ်ဖို့ ရေကပျဉ်ဆင်းသွားလေရဲ့
။
ဝါကျဖြူ
08.06.2016
…
အရာရာအစီအစဉ်တကျဖြစ်ပျက်
trueoutsider.wordpress.com |
အမှတ်တံဆိပ်တွေက
နောက်မှ ဖန်တီးယူရတဲ့သဘောပဲ
ငယ်ငယ်ကအမေပြောတဲ့ပုံပြင်တွေထဲ
ကိုယ်ဟာ ဇာတ်လိုက်
ပျော်ရွှင်စွာနေထိုင်သွားကြလေသတည်းဆိုတာ
အရမ်းကြိုက်ခဲ့ရတဲ့ဇာတ်သိမ်းတွေ
ချွတ်မရတော့တဲ့ကွမ်းချိုးတွေနဲ့သွားများ
အကြိမ်ကြိမ် အခါခါ စိတ်အနာရွတ်များ
ဟက်ဟက်ပက်ပက်ငိုချဖို့ကိုသာတောင့်တမိ
အမြဲတမ်း တလွဲတချော်ပုထုဇဉ်အိပ်မက်များ
ပန်းပွင့်နဲ့ဓားသွားဟာ တရားပဲ
မာရ်နတ်နဲ့ဘုရားသခင်ကို
ကော်ဖီဆိုင်မှာအတူထိုင်နေတာတွေ့လိုက်ရတော့
သွေးယူရမယ့် အတွေးတွေကိုရခဲ့
တွေးယူရမယ့် ချင်ခြင်းတွေအကြောင်း
တစစွန်းတစသိရှိလာခဲ့ရ
အပြစ်သားချင်းအတူတူမှာ
ရိုးသားခြင်းက အရောင်အဆင်းကွဲသွားတယ်။
လင်းသက်ငြိမ်
Comments
Post a Comment