သစ်ခက်သံလွင် ကဗျာစင်မြင့် (၄)ဦးကဗျာ- ငြိမ်းအေးလူ၊ နီလာမိုးဆွေ၊ လင်းသက်ငြိမ်၊ ဆောင်းခူးလက်

ခေတ်ပြိုင်မှတ်စု (၇)

abstractexpressionism.wordpress.com

ခြံစည်းရိုးမှာ
ဟင်းစားရှာစားနေခဲ့ရတဲ့တိုင်းပြည်လေ. . .
ခြံစည်းရိုးခွထိုင်တဲ့ ဦးနှောက်တွေလည်းများခဲ့
ခြံစည်းရိုးကိုချိုးလို့ မျက်နှာချိုသွေးသူတွေလည်းများခဲ့
မိသားစုချင်းကြား ခြံစည်းရိုးခတ်စားသူလည်းပေါများရဲ့
ခေတ်ကိုယ်တိုင်က
ခြံစည်းရိုးပေါ်မှာ. . . .
လက်သီးလက်မောင်းတန်းတဲ့အလုပ်နဲ့
ဇာတ်မြှုပ်နေခဲ့ပြီ. . . ။ 


ငြိမ်းအေးလူ
၂၁ မေ ၂၀၁၆

…

စစ်ပွဲ

www.culturetype.com

ငယ်ငယ်တုန်းက
စစ်တိုက်တမ်းကစားခဲ့သလို
ဘယ်ရန်သူက
ပစ်နိုင်ပြီလို့ အချက်ပေးခဲ့ပါသလဲ
နှလုံးရည် လက်ရုံးရည်ချင်းယှဉ်တဲ့အခါ
နေရာတိုင်းကစစ်သလင်းဘဲ
လက်ညှိုးရဲ့စေလားရာတိုင်း
ရင်ကိုကတုတ်လုပ်ရတာကလဲ
နိယာမတခု
ကျည်ကမျက်စိမပါဘူး
မြောက်အရပ်ကိုညွှန်မပြဘူး
ဗျူဟာစစ်တမ်းအရ
ငါဟာ
ဘယ်တော့မှသတ်ကွင်းကို
လည်စင်းမပေးခဲ့ဘူး
တကောင်ကျွေးသုံးကောင်စား
ကင်းယူတဲ့အကွက်တွေကို
ဗဟာဒူးလို လှလှပပလေး
ခြေစွမ်းပြနိုင်ခဲ့တယ်
'ချက်စ်' ဆိုတာနဲ့ ပွဲသိမ်းခရာမှုတ်ပေတော့...။ ။


နီလာမိုးဆွေ

…

နိုင်​ငံ​တော်
fineartamerica.com


ဓမ္မနဲ့အဓမ္မကို
 တရောင်​တည်းရိုက်​ပြပြီး
ဆက်
လက်​ ဖမ်းစားဖို့ကြံစည်​​​နေကြ​ပေါ့
ပြုံးချင်
ယောင်​​ဆောင်​ထားတဲ့မျက်​နှာ​တွေ
ပျော်​ချင်​​ယောင်​​ဆောင်​ထားတဲ့လူ​တွေ
ပျိုးမှပွင်
့​မယ့်​ပန်းဆိုတာ
အချိန်
မတန်​ခင်​ ရုန်းကန်​ရှင်​သန်​ရတာပဲ။


လင်
းသက်​ငြိမ်
2015

...

တိုက်တေနီယက်ကဗျာ ၃
"Poem of titanium"
ficboek.blogspot.com

ကျူးကျော်စစ်တွေ မရှိခဲ့ရင်
သမိုင်းကျက်ရ သက်သာတာပေါ့ကွာတဲ့
ဒီမယ်
သမိုင်းသာ မသင်ခဲ့ရရင်
အခုချိန်ထိ ကျောက်တုံးချင်းထုနှက်
မီးခတ်နေကြယုံပေါ့ ။   ။

ဆောင်းခူးလက်
18.5.2016

Comments