သစ်ခက်သံလွင် ကဗျာစင်မြင့်၊ လင်းသူရိယနွယ်၊ ဆောင်းဝေ(နတ်မောက်)၊ လင်းသက်ငြိမ်၊ မိုးသက်ငြိမ်ဦး၊ ဟာရှိန်း(မင်းတပ်)

အတ္တများကို စိန်ခေါ်ခြင်း

blogs.yis.ac.jp


ကြယ်တွေနဲ့


နက္ခတ်စုံပြီဆိုကာမှ

လှနေတဲ့ ဟောဒီ့

ကျွန်ုပ်တို့ကောင်းကင်ကြီးကိ

ထစ်ချုန်းမိုးနဲ့အုပ်မိုးချင်သေးတယ်။

မနာလိုဝန်တိုမှုတွေက

အကုသိုလ်အထပ်ထပ်နဲ့ ဘာပဲပြောပြော

ခွေးခြင်္သေ့ဘ၀ တခန်းရပ်တာတောင်

ဒီကောင်းကင်

ဒီစည်းဝိုင်းကို ပြန်ဝင်ချင်သေးသလား။



မှန်ရှေ့ရပ်ပြီး

ကိုယ့်အရှက်တရား ကိုယ်ပြန်ကြည့်တဲ့အခါ

မျက်နှာမလွှဲကြေး။


လင်းသူရိယနွယ်


ရေခြားမြေခြား ( ၄ )

archive.nyu.edu



ငြိမ်ငြိမ်နေလို့မရဘူးပြောပြီး ငြိမ်နေရတယ် မီးခလုတ်ကို ယောင်ပြီးနှိပ်ဖွင့်မိတယ် ယင်ကောင်တွေပြေးအောင်လို့ ပန်ကာကိုဆက်တိုက်ဖွင့်ထားတာ အခန်းထဲအခန်းပြင် ငါတစ်ယောက်တည်း ဒီနေ့ဘယ်သူလာသွားသေးလဲဆိုတော့ ငါတယောက်တည်း မိုးအုံ့နေတာကို ယောင်ပြီးထီးဖွင့်မိတယ် ဘယ်သူပြန်ထွက်သွားတာလဲဆိုတော့လည်း ငါတယောက်တည်း သစ်ကိုင်းတွေကလည်း ဖြစ်သလိုကျိုးကျနေကြတာပဲ ယောင်ပြီးဖုန်းနံပါတ်တွေ လျှောက်နှိပ်နေမိတယ် ခူးဆွတ်မိတဲ့ပန်းသီးလည်း အပင်ပေါ်မှာတုန်းကလို မစိမ်းလန်းတော့ဘူး စိတ်ထဲအခါခါလွှတ်တင်ခဲ့တဲ့မီးပုံးပျံ စိတ်ထဲအခါခါပျက်ကျ မီးလိုစွဲလောင်နေတော့ပဲ နံရံတွေမှာနားတွေရှိနေတယ်ဆိုတော့ တယောက်တည်းပြောစကားဆိုလည်း ဘာဖြစ်လဲ သေရေးရှင်ရေး ဓားလိုသွေးနေရတယ် အဝေးပျံတတ်သွားတဲ့ငှက်တွေမှာ မြေပုံပါမသွားဘူးတဲ့ ယောင်ပြီး 'အိမ် 'လို့တလုံးတည်းချရေးမိတယ်။ ။ 

ဆောင်းဝေ(နတ်မောက်)
21.5.2016


ဟာသမှာအနာတွေမပါစေနဲ့ကိုယ့်လူ 


artemaximusblog.wordpress.com



လိုနေတာရောင်းသူမဲ့ဈေးဆိုင်​​တွေ
မဟုတ်
ဘူးဆိုတာသိသင့်တယ်
တစ်ရာတန်
ပစ္စည်းဟာ တစ်ရာတစကယ်တန်ဖို့
ရေးကြီးပါတယ်
ပိုက်
ဆံထိပ် အပ်ချည်ကြိုးသီပြီး
ကစားရမယ်
့ အရွယ်မဟုတ်​​တော့ဘူး
ဟာသမှာအနာ
တွေမပါပါစေနဲ့
ဝလုံး
လေးတွေကိုဖြည်းဖြည်းချင်းဝိုင်းခဲ့ကြရတယ်
မဟုတ်
လား
အရပ်
တွေလည်းဖြည်းဖြည်းချင်းရှည်လာခဲ့တာပဲ
မဟုတ်
လား
ကိုယ်
အကုန်ခံနိုင်တဲ့ငွေကြေးနဲ့
မည်
နေတဲ့မီးသွေးခဲတွေကိုတံတွေးထွေးမှာလဲ
စဉ်
းစားပါ တွေးခေါ်ပါ စေတနာထားပါ
အလှူမှာထမင်
းစားပြီးပုဆိုးနဲ့လက်သုတ်တာကို
ရယ်
မောဖို့ကြိုးစားရင် ခင်ဗျားသုံးနေကျ
လက်
သုတ်နဲ့ သူဝတ်ထားတဲ့အဝတ်အစားကို
ချိန်
ထိုးကြည့်ပါလား
ကိုယ်
အရပ်မြင့်တိုင်း ပုတဲ့လူတွေကို
ခေါင်းငုံ့ငုံ့ကြည့်တတ်တဲ့အကျင့်ကိုပြင်လို့ရရင်
ခင်
ဗျားမြင်ချင်တဲ့လောကနဲ့
ခင်
ဗျားအကြီးကြီးမဝေးတော့ပါ။


လင်
းသက်ငြိမ်


ငြီးငွေ့ရာက စ ကြတယ်

financialspots.com


လွမ်းစရာမရှိ  လမ်စေရာမသိ
ပျော်စရာမရှိ  ခေါ်စရာ မသိ
မောစရာမသိ ရောစရာမရှိ 
စေရာမသိ 
နေရာမရှိ 
သေရွာက ထပြန်
လာမှာမဟုတ်ဘူး ။

နောင်တ မသိ အမှောင်ည မရှိ
ဝါဒမသိ ပါဒမရှိ
မာနကို ဆူးလိုချွန်
ထားတယ်

ဇာတ်လမ်းမသိ ဓာတ်နန်းမရှိ 
အပူရုပ်
မရှိ လူအလုပ်မသိ
ဝေဒနာမရှိ နေကြာမသိ
အနာမသိ ကဗျာမရှိ
စိတ်
ထားကို
ဓားလို
သွေးထားတယ်

လူ့ဘဝမသိ သမုဒယမရှိ 
အဖန်
ငါးရာမရှိ ငါးကမ္ဘာမသိ
အပိုမသိ အလိုမရှိ 
ရခဲတဲ့လူ့ဘဝမှာ
ငြီး
ငွေ့ရာက စ ကြတယ် ။  ။

မိုးသက်ငြိမ်ဦး




စိတ်ရောဂါ
nancystandlee.blogspot.com


မနက်ထ မိုးလင်းတော့ ရေမရှိ
အိမ်သာထဲဝင် ခြေလက်မျက်နှာဆေး
ဘုရားရှိခိုး
ငါ အကုသိုလ် လွတ်ရဲ့လား။

ဟာရှိန်း(မင်းတပ်)

Comments