ဖြစ်စဥ်ပြ ၂၆/သင်္ကြန်
ကိုမောင်
(သစ်ခက်သံလွင်) ဧပြီ ၂၀၊ ၂၀၂၆
ဥသြမချိုတဲ့နွေဦး မမြူးကြွတဲ့ဒိုးသံနဲ့
ရေမစိုတဲ့သင်္ကြန်မှာ
အတာရေဟာ အငွေပျံ။
ဟိုမှာ ... လူတစု
ကခုန်နေလိုက်တာ
မပျော်တော့ ဘာမှမထူးနိုင်သလို
ပျော်လည်း ထူးမှာမှမဟုတ်တာဆိုတဲ့
အတွေးကိုယ်စီနဲ့။
နေပူစပ်ခါးမှာ
ဝမ်းတစ်ထွာအရေးအတွက်
ပြေးပြေးလွှားလွှားနဲ့
အချဥ်ပေါင်းသည်ကလေးရဲ့ရင်ထဲကအပူကို
ဘယ်ရေက အေးမြနိုင်မလဲ။
ဟိုလူ ဒီလူပစ်ချခဲ့တဲ့
ရေသန်ဗူးခွံ အအေးဗူးခွံ
ဘီယာဗူးခွံ
တွေ့ရာ ကြုံရာ
ရှာရ ဖွေရ
ပလုံကောက်တာမဟုတ်ပါဘူး
ဝမ်းစာအတွက် အမှိုက်ကိုရွှေဖြစ်အောင်
ချွေးနဲ့ကျိုချက်နေတာ။
ဟေ့
မျှော်လင့်ချက်တွေပျောက်ဆုံး
အနာဂတ်မရှိတော့ဘဝတွေမှာ
နေ့ဖို့ညစာတောင်အနိုင်နိုင်ဆိုတော့
ကျန်တာ ဘာအရေးလဲ
ရေစိုတာထက် ရှင်သန့်ဖို့ရာအဓိက။
ဆံပင်အကောက်အကွေး
ဂျင်းပင် ( န် ) အနွမ်းလေးနဲ့
အစိတ်အရွယ်မိန်းကလေးက
" ငါ ပျော်သလိုနေပေမယ့်
ငါ့ယောက်ျားကိုသတိရတယ်
အခုအချိန် သူ ...
အို...အချိန်တန်ရင်
အသက်ရှင်ရက်ပြန်လာရဖို့ပဲအရေးကြီးတယ် "
အက်ကွဲတုန်ခါလာတဲ့အသံက
သူ့အဖော်ကိုတီးတိုးပွင့်အံပေမယ့်
သူ့အမျိုးသား ဘယ်မှာ... ဘယ်လိုဆိုတာ
တွေးစရာမလိုဘဲမြင်ပါတယ်။
လက်ရှိအခြေအနေမှာလည်
တူးပို့သံတညံညံနဲ့
အုန်းလက်မဏ္ဍပ်ထိုးစရာ နေရာမရှိတော့
ညဘက်ဝိုင်းဖွဲ့လို့
စရင်းနောက်ရင်း မုန့်လုံးရေပေါ်လုပ်ခဲ့ကြတဲ့
လူငယ်တွေလည်းမရှိတော့
နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း
ဝေယျာဝစ္စကုသိုလ်ယူစရာ
ရွာဦးကျောင်းလည်းမရှိတော့။
သင် မြင်နိုင်ရဲ့လား
ဒဏ်ရာဗရပွနဲ့
အရည်ညှစ်ထုတ်ခံထားရတဲ့
ပျားအုံရဲ့ရင်ကွဲဝေဒနာကိုလေ။
ထားလိုက်ပါ
သက္ကရာဇ်ကူးပြောင်းခြင်းဆိုတာ
အချိန်ရွေ့လျားမှုပဲ
နှစ်ဟောင်းကိုစွန့်ပြီး နှစ်သစ်ဆီကူးပြောင်းလည်း
လယ်စွန့်ယာစွန့် ရွာစွန့်အိမ်စွန့်နဲ့
ဘဝသစ်ကူးပြောင်းဖို့ရာမလွယ်ကူတော့တဲ့
အချို့သူတွေအတွက်
ဘာတွေများ ထပ်ပြီးစွန့်ရဦးရမလဲ။
ဖြစ်စဥ်များအရ
သင်္ကြန်မှာကျက်သရေအရှိဆုံး
မြူမှောင်ဝေကင်းသီချင်းတောင်
ဆို့နင့်ကြေကွဲနေကြောင်း
ကာလဗိုင်းရပ် ( စ် ) ကူးစက်ခံထားရတဲ့
ပိတောက်ပင်တို့က ဘာမှမဖူးမပွင့်ဘဲ
ရဲရဲတင်းတင်း သက်သေခံလေရဲ့။
လမ်းမပေါ်မှာတော့
ဇွတ်အတင်း
အသက်သွင်းခံထားရတဲ့သင်္ကြန်
ရေဖျန်းခံထားရတဲ့သင်္ကြန်
နေလှန်းခံထားရတဲ့သင်္ကြန်ခမျာ
ဖို့ရို့ဖားလျား။
အရေးထဲ
" အဆင်ပြေလား...
အဆင်ပြေရင် လက်ခုပ်သံကြားချင်တယ် " တဲ့
သူမို့ပြောရက်တယ်
အသက်ကိုဖြစ်သလိုထုပ်ပိုးရင်း
ပြေးလွှားနေရသူတိုကို့မှ အားမနာ။
ဒီလိုနဲ့
ပိတောက်မပန်တဲ့သင်္ကြန်ဟာ
စည်းပျက်ဝါးပျက်ကကြိုးတွေနဲ့
တီးလုံးသာပြီးဆုံးသွားတယ်
လက်ခုပ်သံတိတ်ဆိတ်လို့။ ။
17.4.2026
ကိုမောင်
(သစ်ခက်သံလွင်) ဧပြီ ၂၀၊ ၂၀၂၆
ဥသြမချိုတဲ့နွေဦး မမြူးကြွတဲ့ဒိုးသံနဲ့
ရေမစိုတဲ့သင်္ကြန်မှာ
အတာရေဟာ အငွေပျံ။
ဟိုမှာ ... လူတစု
ကခုန်နေလိုက်တာ
မပျော်တော့ ဘာမှမထူးနိုင်သလို
ပျော်လည်း ထူးမှာမှမဟုတ်တာဆိုတဲ့
အတွေးကိုယ်စီနဲ့။
နေပူစပ်ခါးမှာ
ဝမ်းတစ်ထွာအရေးအတွက်
ပြေးပြေးလွှားလွှားနဲ့
အချဥ်ပေါင်းသည်ကလေးရဲ့ရင်ထဲကအပူကို
ဘယ်ရေက အေးမြနိုင်မလဲ။
ဟိုလူ ဒီလူပစ်ချခဲ့တဲ့
ရေသန်ဗူးခွံ အအေးဗူးခွံ
ဘီယာဗူးခွံ
တွေ့ရာ ကြုံရာ
ရှာရ ဖွေရ
ပလုံကောက်တာမဟုတ်ပါဘူး
ဝမ်းစာအတွက် အမှိုက်ကိုရွှေဖြစ်အောင်
ချွေးနဲ့ကျိုချက်နေတာ။
ဟေ့
မျှော်လင့်ချက်တွေပျောက်ဆုံး
အနာဂတ်မရှိတော့ဘဝတွေမှာ
နေ့ဖို့ညစာတောင်အနိုင်နိုင်ဆိုတော့
ကျန်တာ ဘာအရေးလဲ
ရေစိုတာထက် ရှင်သန့်ဖို့ရာအဓိက။
ဆံပင်အကောက်အကွေး
ဂျင်းပင် ( န် ) အနွမ်းလေးနဲ့
အစိတ်အရွယ်မိန်းကလေးက
" ငါ ပျော်သလိုနေပေမယ့်
ငါ့ယောက်ျားကိုသတိရတယ်
အခုအချိန် သူ ...
အို...အချိန်တန်ရင်
အသက်ရှင်ရက်ပြန်လာရဖို့ပဲအရေးကြီးတယ် "
အက်ကွဲတုန်ခါလာတဲ့အသံက
သူ့အဖော်ကိုတီးတိုးပွင့်အံပေမယ့်
သူ့အမျိုးသား ဘယ်မှာ... ဘယ်လိုဆိုတာ
တွေးစရာမလိုဘဲမြင်ပါတယ်။
လက်ရှိအခြေအနေမှာလည်
တူးပို့သံတညံညံနဲ့
အုန်းလက်မဏ္ဍပ်ထိုးစရာ နေရာမရှိတော့
ညဘက်ဝိုင်းဖွဲ့လို့
စရင်းနောက်ရင်း မုန့်လုံးရေပေါ်လုပ်ခဲ့ကြတဲ့
လူငယ်တွေလည်းမရှိတော့
နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း
ဝေယျာဝစ္စကုသိုလ်ယူစရာ
ရွာဦးကျောင်းလည်းမရှိတော့။
သင် မြင်နိုင်ရဲ့လား
ဒဏ်ရာဗရပွနဲ့
အရည်ညှစ်ထုတ်ခံထားရတဲ့
ပျားအုံရဲ့ရင်ကွဲဝေဒနာကိုလေ။
ထားလိုက်ပါ
သက္ကရာဇ်ကူးပြောင်းခြင်းဆိုတာ
အချိန်ရွေ့လျားမှုပဲ
နှစ်ဟောင်းကိုစွန့်ပြီး နှစ်သစ်ဆီကူးပြောင်းလည်း
လယ်စွန့်ယာစွန့် ရွာစွန့်အိမ်စွန့်နဲ့
ဘဝသစ်ကူးပြောင်းဖို့ရာမလွယ်ကူတော့တဲ့
အချို့သူတွေအတွက်
ဘာတွေများ ထပ်ပြီးစွန့်ရဦးရမလဲ။
ဖြစ်စဥ်များအရ
သင်္ကြန်မှာကျက်သရေအရှိဆုံး
မြူမှောင်ဝေကင်းသီချင်းတောင်
ဆို့နင့်ကြေကွဲနေကြောင်း
ကာလဗိုင်းရပ် ( စ် ) ကူးစက်ခံထားရတဲ့
ပိတောက်ပင်တို့က ဘာမှမဖူးမပွင့်ဘဲ
ရဲရဲတင်းတင်း သက်သေခံလေရဲ့။
လမ်းမပေါ်မှာတော့
ဇွတ်အတင်း
အသက်သွင်းခံထားရတဲ့သင်္ကြန်
ရေဖျန်းခံထားရတဲ့သင်္ကြန်
နေလှန်းခံထားရတဲ့သင်္ကြန်ခမျာ
ဖို့ရို့ဖားလျား။
အရေးထဲ
" အဆင်ပြေလား...
အဆင်ပြေရင် လက်ခုပ်သံကြားချင်တယ် " တဲ့
သူမို့ပြောရက်တယ်
အသက်ကိုဖြစ်သလိုထုပ်ပိုးရင်း
ပြေးလွှားနေရသူတိုကို့မှ အားမနာ။
ဒီလိုနဲ့
ပိတောက်မပန်တဲ့သင်္ကြန်ဟာ
စည်းပျက်ဝါးပျက်ကကြိုးတွေနဲ့
တီးလုံးသာပြီးဆုံးသွားတယ်
လက်ခုပ်သံတိတ်ဆိတ်လို့။ ။
17.4.2026

Comments
Post a Comment