ငြိမ်းပြေ - သူ့ဆီ စီးဆင်း

Art- POS

သူ့ဆီ စီးဆင်း
ငြိမ်းပြေ
(သစ်ခက်သံလွင်) အောက်တိုဘာ ၅၊ ၂၀၂၅

ပျော်ရွှင်ခြင်းဟာ
လေကြောင့် ခဏတာ အပေါ်တက်လာတဲ့
ဆပ်ပြာပူပေါင်းငယ်လို  

ခံစားတတ်လွန်းမှ သိနိုင်မယ့်စကားသံတွေက
တချက်တခါ ဝေ့လာစပြုတဲ့
မြောက်ပြန်လေထဲမှာ 

ဘာဆိုဘာမှ တည်မရတဲ့ခေတ်ကြီးထဲ
တပိုင်းတစ လစ်ဟာသွားသူအတွက် 
မနက်ဖြန်ဆိုတာတွေကို ရင်ဆိုင်နိုင်ဖို့ 
မေတ္တာတရားကို မငြိမ်းစတမ်း ဖို.....

ထစ်ခနဲဆို ညို့ ညို့သွားတတ်တဲ့တိမ်တွေ 
ပြိုကျမလာအောင် 
လိုတာထက်မက ကွေးညွှတ်ပေးခဲ့ရတဲ့ နေ့ရက်တွေ 

တယောက်နဲ့တယောက် မြင်ရတယ်ဆိုရုံလေး 
ပျော်လား.....ဆိုတော့ မပျော်ဘူး
မပျော်ဘူးပေါ့.....ဆိုတော့ 
ကြံဖန်ပြီး ပြုံးတတ်အောင်
ကြိုးစားရခဲ့တဲ့အချိန်တွေ 
စိတ်ပြေလက်ပျောက် လိုင်းဖွင့်ကြည့်တဲ့အခါ
'မွေးနေ့'.....တဲ့

နှစ်နှစ်ကာကာ မေတ္တာပို့ရင်းက 
ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေသီချင်း 
ကျကျနန ကျနော်ဆိုပေးခဲ့ပါတယ် ။

22:30
08202524

Comments

  1. ရေလိုအေးလို့ပန်းလိုချမ်းမြေ့ပါစေ💙

    ReplyDelete

Post a Comment