ဖိုးရွှေညီမှိုင်း - မြစ်အားလုံး ပင်လယ်သို့

Art - Aung Htet
မြစ်အားလုံး ပင်လယ်သို့
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဇွန် ၁၃၊ ၂၀၂၅

သူတို့လိုချင်တာ
ကြောက်ရွံ့ ဒူးထောက်ခြင်း
ရိုကျိုး ခေါင်းငုံ့ခြင်း
နှုတ်ပိတ် တိတ်ဆိတ်ခြင်း
ကျွန်စိတ်အပြည့်နဲ့
သစ္စာစောင့်သိခြင်း။

သူတို့ရနေတာ
ရဲရင့် တိုက်ခိုက်ခြင်း
ဖီဆန် အာခံခြင်း
ဖွင့်ထုတ် ကြွေးကြော်ခြင်း
သခင်စိတ်အပြည့်နဲ့
ဆန့်ကျင်တော်လှန်ခြင်း။

လူသားဆိုတာ ... 
တယောက်ချင်းဆို
အားနည်းပျော့ညံ့ပေမဲ့
ထုနဲ့ထည်နဲ့
စုဖွဲ့မိပြီဆိုရင်တော့
ညီညွတ်သွေးစည်း
အင်အားကြီးတဲ့ ရေစီးဟေ့။

ပင်မရေစီး 
အင်အားကြီးရဲ့ခရီးဟာ 
အပြီးထိကို စီးလိမ့်မယ်။

(၂၀၂၅ ဇွန် ၁၃)

Comments