ဝေးရင့်သီ - ရင်ကွဲပြတ်ရွေ့

Art by KT#

ရင်ကွဲပြတ်ရွေ့
ဝေးရင့်သီ
(သစ်ခက်သံလွင်) ဧပြီ ၁၅၊ ၂၀၂၅

အသက်များ ဘဝများ အနာဂတ်များ
ဖျတ်ခနဲ
မှောင်အတိကျ။

အမွေအနှစ်များ  လက္ခဏာများ ပုံရိပ်များ
လှစ်ခနဲ
ပြိုလဲထိရှ။

အနှစ်နှစ်အလလ ကြိုးစားမှုရလဒ်များ
ဆတ်ခနဲ
ပျက်စီးကြေမွ။

အနှံ့အပြား
တိုက်စားသွားတဲ့အရှိုးရာတွေက
သွေးပျက်ထိတ်လန့်ဖွယ်ရာ။

ကယ်ပါ ယူပါ ကူပါ ဆယ်ပါ တစာစာနဲ့
စားစရာလည်းမရှိ သွားစရာလည်းမရှိ
နေစရာလည်းမရှိ ဖြေစရာလည်းမရှိတဲ့
ဂျုံးဂျုံးကျမျှော်လင့်ချက်တွေအတွက်
ဘယ်ကုထုံးက ဆေးဖက်ဝင်မလဲ။

သနားစရာ့
ငါတို့လူ့ဖြစ်စဥ်မှာ
လေထုထဲလည်းအဆိပ်သင့်ခဲ့ရ
ရေပြင်ပေါ်လည်း သောကဝေခဲ့ရ
အခု မြေပြင်ပေါ်ဝပ်ဆင်းနေရပြန်ုပြီ။

28.3.2025
12:51 PM/7.7 
နှလုံးသားတွေကိုဗဟိုပြုသွားတဲ့
နာကျင်မှုအမှတ်အသား
ဒီမြေပေါ်စွန်းထင်းသွားခဲ့။         ။

14.4.2025

Comments