မျက်ရည်ဖွဲ့ တေး
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဧပြီ ၅၊ ၂၀၂၅
အသက်ရှူကြပ်တယ် မေမေ
အမှောင်တွေက သိပ်သည်းလိုက်တာ
အပြင်ကအော်ခေါ်သံတွေကြားနေရတယ်
သားပြန်အော်နေတာ သူတို့မကြားကြတာလား
ဒါမှမဟုတ် သားရဲ့အသံတွေကပဲ ဆို့နင့်ကွဲရှပြီး
အပြင်ကို ထွက်ကျမလာတာများလား
သား မခွဲခြားတတ်တော့ပါဘူး
ရေဆာလိုက်တာ မေမေရယ်
အာခေါင်တွေခြောက်ကပ်ပြီး
ရင်တခုလုံးမီးစနဲ့ထိုးထားသလိုပ
သားအဆုပ်ထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ
အလုအယက်တိုးဝင်လာနေကြပြီ မေမေ
အမှောင် .... အမှောင် အရာအားလုံးဟာ
ပကတိ ပိန်းပိတ်မဲမှောင်လွန်းနေပါရဲ့
သား ခြေကုန်လက်ပန်းကျနေတဲ့ ခဏ
ဟော သားတွေ့ပြီ မေမေ
ဟိုးမှာ အလင်းပျပျလေး တစ်စ
ဒီ မွန်းကြပ်မှုတွေက လွတ်မြောက်ရာ တဒင်္ဂ
သား ထွက်ခွာသွားပါရစေတော့ မေမေရယ် ။
30. 3. 25
Comments
Post a Comment