အော်ပရေတာ ပျက်လက်မှု
ဖားစည်မောင်ထူး
(သစ်ခက်သံလွင်) မတ် ၃၁၊ ၂၀၂၅
အုတ်ပုံကြားက မင်းအသက်ကိုဆွဲထူဖို့
ငါ့အသက်က ဗုံးကျဲခံထားရတဲ့
ဗုံးခိုကျင်းတွေထဲမှာ
ငလျင်ကြောထဲက မင်းဆာလောင်မှုကိုဖြည့်ဖို့
ငါဝမ်းဗိုက်က မီးလောင်ပြင်ထဲ
ကျည်ဆံဝဲနေတယ်
ရပ်ဝေးရွာဝေး ဆိုတဲ့အတိုင်း
ဘယ်ဘုရား ဘယ်နတ်သိကြားတွေက
ဘယ်ဆက်သွယ်မှုဧရိယာကို ရောက်နေခဲ့ကြသလဲ။
(၃၀၊ မတ်၊၂၀၂၅) တနင်္ဂနွေနေ့
(၀၈:၄၃)A.M
မြန်မာစံတော်ချိန်
Comments
Post a Comment