၆၃ နွေ
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) မတ် ၄၊ ၂၀၂၅
ဒီမြေရဖို့
ဝယ်ကြ တောင်းကြ
လုကြ ခိုးကြ
တိုက်ခဲ့ကြ။
မြေဆိုတာ
မင်းတို့အတွက် "အာဏာ"
ငါတို့အတွက်တော့ "ဘဝ"။
တို့ဘဝကို
တို့ မရောင်းခဲ့
မပေးခဲ့လည်း ...
လုသွား ခိုးသွား
တိုက်ယူသွားခဲ့
ဒီဓားပြတွေ
သူခိုးတွေလက်က
အရိုးမြေစက်
ကျိုးကြေပျက်ထိ
သွေးဆက် သားစဉ် ...
တို့ဘဝကို
တို့ပြန်ရအောင် တိုက်ပွဲဝင်ဆဲ
နွေထဲတကြိမ် ရောက်ပြန်ပြီ။
...
(မတ်လ ၂ ရက် ၂၀၂၅)
Comments
Post a Comment