"ဆွေမျိုးရှာခန်း"
နိုင်ကျော်
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၆၊ ၂၀၂၅
ဆန်နဲ့ဆေး
လွန်ဆွဲကြပြီပေါ့
လက်သည်းဆိတ်လို့လက်ထိပ်နာ
မေတ္တာရောင်ပြန်ရှာလိုက်တာ
ဖိနပ်သာပါးသွားတယ်
သုမေဓာ
အနာထပိဏ်
တောဒေယျ
သူ့ယုံကြည်ချက်နဲ့သူပဲ
လမ်းဆုံးလို့မှရှာမရတဲ့ရွာ
လူ့ပြည်မှာရှိမှရှိသေးရဲ့လား။
Comments
Post a Comment