သွားကြားထိုးတံ
မ န အ
(သစ်ခက်သံလွင်) ဇန်နဝါရီ ၂၃၊ ၂၀၂၅
ငွေဆာလို့ စားတဲ့ အစားအစာ
ဂုဏ်ဆာလို့ စားတဲ့ အစားအစာ
နေရာဆာလို့ စားတဲ့ အစားအစာ
ပါဝါဆာလို့ စားတဲ့ အစားအစာ
သည် အစာကြမ်းကိုမှ
အငမ်းမရ စားတဲ့
မဟုတ်တမ်းတရားလူကြီးမှာ
သွားကြားထိုးတံ မရှိပါဘူး ။
ချက်ပြုတ်ပုံ ကွဲပြားတဲ့
သည် အစားအစာကိုပဲ
အရသာမခံဘဲ စားတဲ့
နှင်းဆီပန်တဲ့ မိန်းမကြီးမှာ
သွားကြားထိုးတံ ရှိပါတယ် ။
ကျနော်တို့ရဲ့အသံဟာ
သွားကြားထိုးတံ ဖြစ်ပါတယ် ။ ။
Comments
Post a Comment