ကိုစိန်သစ် - အလွမ်း


Art by KT

အလွမ်း
ကိုစိန်သစ်  
(သစ်ခက်သံလွင်) ဇူလိုင် ၆၊ ၂၀၂၄

အလွမ်း...
   ..လို့ ခေါင်းစဉ်တပ်လိုက်တယ်၊
   မျက်ရည်မြစ်ကြီး‌ ရေစီးသာပေါ့၊

   အမှန်က တရားပါတယ်‌လေ ...
   နားရွက်တဖက်ကို
   သူကိုယ်တိုင်ဖြတ်ပေးလိုက်တာတဲ့
   ပြတင်းတပေါက်ဟာ တေးဆို နေတယ်၊

   ဦးခေါင်းခွံ ပွင့်နေတဲ့
   အိုးအိမ်တွေ မျောပါသွားကြ၊

   ဝမ်းဗိုက်ဟောင်းလောင်းနဲ့ကမ္ဘာကြီး
   သွေးဝမ်းများသွားတာ အကြောင်းမဲ့မဟုတ်ပါ၊

   အန်ဖတ်ဆို့နေတဲ့ လေညင်းနဲ့
   နွမ်းချည့်နေတဲ့ ပျော်ရွင်မှုတို့ 
   လက်ထပ်ပေါင်းသင်းလိုက်သောအခါ
   လူများ၊ ကျည်ဆံများ၊
   သက္ကရစ်များ၊ မြေမြှုပ်မိုင်းများ
   ရောဂါပိုးမွှားများ၊ သယံဇာတများ၊
   ပန်းရောင်စုံများ
   နတ်ဘုရားများ အကြိမ်ကြိမ် ရှုံးနိမ့်အနိုင်ရခဲ့ပြီ။  ။

     ★ အင်္ဂါနေ့
   ၂၄ ဂျူလိုင် ၂

Comments