အောင်အောင် (တာမွေ) - ငါတို့ဟာ ချေဂွေဗားရားများသာဖြစ်တယ်

Image - Credit
ငါတို့ဟာ ချေဂွေဗားရားများသာဖြစ်တယ်
အောင်အောင် (တာမွေ)
(သစ်ခက်သံလွင်) ဇူလိုင် ၂၉၊ ၂၀၂၄

ငါတို့ဟာ ချေဂွေဗားရားများသာဖြစ်တယ်
မတူတာက မြန်မာနိုင်ငံသားတွေဖြစ်တယ်....

ငါတို့ဟာ ချေဂွေဗားရားများသာဖြစ်တယ်
ကျူးဘားကိုသိမ်းသလို
ငါတို့မြေကို ပြန်သိမ်းရမယ်
အကျင့်ပျက် ခြစားတွေ ဖြုတ်ထုတ်
လူစားထိုးမှုတွေ လုပ်ရမယ်....

ငါတို့ဟာ ချေဂွေဗားရားများသာဖြစ်တယ်
လူဆင်းရဲတွေကို ကိုယ်စားပြုမယ်
အမှန်တရားဘက်မှာ မားမားရပ်မယ်
ဥပဒေအထက်မှာ ဘာကောင်မှမရှိစေရ
ငွေပေးလို့နိုင်တဲ့ တရားရေးမဏ္ဍိုင်တွေကို အမြစ်ဖျက်ရမယ်....

ငါတို့ဟာ ချေဂွေဗားရားများသာ ဖြစ်တယ်
ငါတို့လမ်းကို ငါတို့မြင်တယ်
ချုံခိုနေတဲ့မြွေတွေ သတိထား
မျှစ်ချိုးစားလည်း နတ်သုဒ္ဓါ
မှိုချိုးစားလည်း နတ်သုဒ္ဓါ
ငါတို့ဟာ ဒီဘုံမှာ
ငရဲခန်းထဲ နှဖူးက​ချွေး ခြေမထိ ကျအောင်
ကိုယ်ဒူးကိုယ်ချွန်ခဲ့ရတာ
ငါတို့ဟာ နောက်မဆုတ် ရှေ့ကိုရဲရဲတိုးမယ်....

ငါတို့ဟာ ချေဂွေဗားရားများသာ ဖြစ်တယ်
နော်မန်ဒီကမ်းတက်တိုက်ပွဲလို
ရွတ်ရွတ်ချွန်ချွန် ရဲစွမ်းသတ္တိပြကြရမယ်
ငါတို့သမိုိင်းမှာ မှိုင်းစွဲနေတဲ့အတွေး​ေခါ်တွေ
ရှင်းထုတ်ပစ်ရမယ်....

ငါတို့ဟာ ဘာလဲဆိုရင်
ချေဂွေဗားရားများသာဖြစ်တယ်
စစ်ကြီးပြီးရင်
ဝါသနာပါရာအရပ်မှာ လိမ္မာပြကြမယ်....

၁၆.၆.၂၀၂၃
၁း၂၆ pm

Comments