သွေးနဲ့ထွန်းတဲ့ အလင်း ကြယ်
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဇူလိုင် ၁၈၊ ၂၀၂၄
ဒီလို .....
ခေတ်ဆိုးကြီးထဲက အမှောင်မှာ
ရဲရင့်အာဇာနည်တွေဟာ
သူတို့ရဲ့ ဝိညာဥ်တွေကို
ကြယ်တွေအဖြစ် ဖန်ဆင်းပြီး
အနာဂတ် နိုင်ငံတော်အတွက်
ပြီးတော့ .....
ငါတို့ အားလုံးအတွက်
သူတို့ရဲ့ နှလုံးသွေး အသက် ဘဝတွေနဲ့ ထွန်းညှိရင်း
လှပစွာ လင်းမြဖြာဝေပေးခဲ့
မကြောက်တရားတွေနဲ့ တောက်ပစွာ ..... ။
*** လွင့်ဝေး ကြယ်များသို့ ဦးညွှတ်လျက် .........
Comments
Post a Comment