သစ်မွှေး - မှာတမ်း

မှာတမ်း
သစ်မွှေး
(သစ်ခက်သံလွင်) ဧပြီ ၁၂၊ ၂၀၂၄

ထွက်ပြီဆိုမှတော့
နောက်လှည့်ကြည့်ဖို့မစဉ်းစားပါနဲ့၊
ပစ်မှတ်ရှိတဲ့မြှားမှာ
အရပ်မျက်နှာတစ်ခုပဲပါတယ်။

ချန်ထားခဲ့တယ်လို့မတွေးပါနဲ့
စွန်ပစ်ခဲ့ပြီလို့ခံယူလိုက်ပါ
လူ့တန်ဖိုးတွေပျောက်ဆုံးပြီး
ဟောင်းနွမ်းစုတ်ပြတ်သတ်နေတဲ့ဒီနိုင်ငံတော်ကို
တစ်နေ့နေ့ 
ငါတို့အားလုံးစွန့်ပစ်ခဲ့ရမှာပါ။

တရားမျှတ လွတ်လပ်ခြင်းတွေ
ထွန်ယက်စိုက်ပျိုးနိုင်တဲ့တစ်နေ့
ဖူးပွင့်ဝေဆာလာတဲ့တစ်နေ့
သားအိမ်ပြန်လာတယ်လို့ 
အဖေမှတ်ယူထားလိုက်ပါ့မယ်။   ။

၂၆.၃.၂၀၂၄

Comments