ဝင်းမင်းခိုင် - အဘိုးစိုက်တဲ့သစ်ပင်

အဘိုးစိုက်တဲ့သစ်ပင်
ဝင်းမင်းခိုင်
(သစ်ခက်သံလွင်) မတ် ၂၃၊ ၂၀၂၄

မငြိမ်းချမ်းတဲ့ဥခွံထဲကဖောက်ထွက်ပြီး
ငြိမ်းချမ်းရေးဟာအကောင်ပေါက်လိမ့်မယ်
သားရဲတွင်းနဲ့ငရဲခန်းကရွတ်ကင်းပေါ်မှာ
ငါတို့ဟာ
ဘဝသံသရာရထားပေါ် ထာဝရစီးနေမယ့်သူတွေမဟုတ်ဘူး
ဆရာကြီးသခင်ကိုယ်တော်မှိုင်းစိုက်ခဲ့တဲ့သစ်ပင်
နှစ်ခုနှစ်ဆယ်ကျော်ကြာတဲ့အထိစောင့်ရင်လဲစောင့်ရမယ်
ပွင့်ပြီသီးပြီဆိုရင်တော့
စက္ကန့်တွေမိနစ်တွေနာရီတွေလိုပဲ
စဉ်ဆက်မပြတ်သီးပွင့်ကြလိမ့်မယ်

*** ၂၃.၃.၂၄ ရက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၈) နှစ်မြောက်မွေးနေ့အထိမ်းအမှတ်

Comments