ချစ်ထွန်း - လာအိုးစ်ဆီဖြတ်လမ်း

လာအိုးစ်ဆီဖြတ်လမ်း

ချစ်ထွန်း
(သစ်ခက်သံလွင်) မတ် ၁၇၊ ၂၀၂၄

အဲဒီမှာ လူမျိုးစုံ
အထူးသဖြင့် တရုတ်နွယ်
ဘိန်းရမယ် လူလိမ်တွေခြေချင်းလိမ်
ပြောတော့ ကွန်မနစ်
မိုးမျှော်တိုက်တွေသာ နတ်ဘုံဆိုရင်
အမေရိကားမှာလဲ နတ်ဝင်သည်တွေ
အလုပ်ဖြစ်တာ အဲဒါကြောင့်လား
ကိုင်း ကိုင်း ကိုင်း
မီးလောင်ပြင်နဲ့ မီးလောင်နေတဲ့ဥပဒေကိုစွန့်ခွာ
ဘာမဆိုလုပ်နေတဲ့နောက်တနေရာ
ကျောပိုးအိတ်တလုံးစာအိပ်မက်နဲ့
စာမတတ် အတူတူ
သေမထူး နေမထူးစိတ်နဲ့
မွေးရပ်ကိုထားခဲ့တယ်။ 

ငါ့ ညီများ တဝေတဝက်
အသေထွက် မထွက်ကြပါစေနဲ့ ။ ။ 

Comments