ကြယ်တို့ရဲ့ ပုံပြင်
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄
ဘဝမှာ စွမ်းသမျှတော့ လင်းမြပေးခဲ့ပါတယ်
အဲ့ဒီ အလင်းတွေရဖို့အတွက်
ဒုက္ခတွေနဲ့ ခက်ခဲကြမ်းရှစွာ ပွတ်တိုက်ခံခဲ့ရတာပါ
တကယ်ဆိုရင် အမြဲထာဝရအတွက်
လင်းမြဝင်းပစွာ လမ်းပြပေးချင်ခဲ့ပါရဲ့
ဒါပေမဲ့ ......
အချိန်မတန်ခင် ကြွေသက်ရမယ်ဆိုရင်လည်း
ရင့်ရင့်ရဲရဲ ခုန်ချသက်ဆင်းလိုက်ဖို့အတွက်
ဝံ့ဝံ့စားစား လင်းမြနေမြဲပါပဲလေ ........ ။
14. Feb. 2024
Comments
Post a Comment