မင်းဟန်ထွန်း(တေးသီငှက်) - ဖီးနစ်

 ဖီးနစ် 
မင်းဟန်ထွန်း(တေးသီငှက်)
((သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄

လွတ်လပ်စွာပျံသန်းခွင့်ကို
သိချင်လိုချင်လို့
ဥခွံထဲကဖောက်ထွက်ခဲ့တာလေ ။

အခွံအကာအမာကို
ဇီဝရုပ်ဓာတ်နုတ်သီး ကောက်ဖြစ်စ နဲ့ 
ဖောက်ခွဲထွက်ဖို့အတွက်
အချိန်အဆအကွာအဝေးကတော့
မရှိမဖြစ်လိုကို လိုအပ်တာပေါ့
နောက်ပြီး ...
သဘာဝမဲ့ လေဟာနယ်တွေထဲလည်း
ရောက်မသွားဖို့ လိုမယ် ။

ကမ္မဇီဝဘဝအတွက်
ချိ့နဲ့ နေလို့ မဖြစ်ဘူးမဟုတ်လား
လက်နှစ်ဖက်ကို ဆန့်တန်းပါ
အရှေ့အရပ်ကိုမျက်နှာမူပါ
လေကောင်းလေသန့်ကိုဝလင်အောင် ရှူ ပါ
မျက်နှာမူရာ အရပ်တည့်တည့်မှာ
မြင်ရဲ့လား
ဟုတ်ကဲ့
တကယ်ပါပဲ
သူတို့ ပျံသန်းလာနေပြီ ။       ။

(8/1/2023)

Comments