BT - "မြို့ဇာတ်လမ်း"

Art: ဖုဏ်းမော် (ဘမင်းဒင်)
"မြို့ဇာတ်လမ်း"
BT
(သစ်ခက်သံလွင်) ဇန်နဝါရီ ၄၊ ၂၀၂၄

ရတ်စ်ပါရောင် ရေခဲဝတ်စုံနဲ့ဆောင်းဟာ
 ဆောင်းပီသကြောင်းပြဖို့
မြို့အူတိုင်ထဲ ကို 
အနှေးပြကွက်နဲ့အတူ
ဖြည်းညင်းလေးတွဲစွာ ဆင်းလာပါပြီ ။

အပူအအေးမမျှတဲ့ သင့်ခန္ဓာနွေးအောင် 
စောင်ထူထူလေးခြုံပြီး ကွေးတာလည်း ကွေးပေါ့ မြို့ရေ
မျက်လုံးတွေရှင်ရှင်ထား
နားတွေ ပါးပါးနေ 
မြူမဟုတ် နှင်းမဟုတ်
ငရဲသားမှုတ်ထုတ်လိုက်တဲ့
မီးတောက် မီးခိုးတွေက
အရပ်ရှစ်မျက်နှာမှာ ။     ။

BT.
2' January.2024.


Comments