ဝင်းမင်းခိုင် - အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်တဲ့လေသူရဲ

အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်တဲ့လေသူရဲ
ဝင်းမင်းခိုင်
(သစ်ခက်သံလွင်) ဇန်နဝါရီ ၆၊ ၂၀၂၄

သူ့ကိုဖမ်းမိတော့သူ့မိသားစုနဲ့ပတ်သက်တဲ့လူသားဆန်တဲ့စကားတွေပြောပြီး
သူ့လုပ်ရပ်တွေအတွက်ငါတို့ကိုတောင်းပန်နေခဲ့တယ်

ငါတို့ကသူ့လေယာဉ်ကိုပစ်မချနိုင်ခဲ့ရင်
ငါတို့ကသူ့ကိုဖမ်းမမိခဲ့ဘူးဆိုရင်တော့
သူ့တာဝန်ကိုဦးဆွေးဆံမြေ့ထမ်းရွက်ပြီး
သခင်အားရကျွန်ပါးဝနေအုံးမှာပဲ

နာကျင်ခံခက်စရာသောကနဲ့ပရိဒေဝတွေကို
ရည်ရွယ်ချက်ရှိရှိဖန်တီးထားခဲ့သူ

မင်းရဲ့လူသားဆန်မှုဟာ
မင်းမိသားစုပေါ်မှာပဲကွက်ကြားရွာခဲ့တယ်

မင်းတို့နဲ့ငါတို့ကြားကကြီးမားတဲ့ကွာခြားချက်ကဘာလဲ
တလောကလုံးသိအောင်ငါတို့သက်သေပြရမယ်

ဥပဒေရဲ့အဆုံးဖြတ်ကိုမင်းခံယူပါ
ပြီးရင်မိသားစုရှိရာမင်းပြန်သွားပါ

မင်းရဲ့အကြောင်းတခြားသူတွေကပြောမပြခင်
မင်းကလေးတွေရဲ့မျက်လုံးကိုတည့်တည့်စိုက်ကြည့်ပြီး
မင်းဘယ်လိုလူမျိုးဖြစ်ကြောင်းမင်းကိုယ်တိုင်ရှင်းပြဝန်ခံပါ

နောက်ဆုံး
မင်းဟာမင်းလုပ်ရပ်ရဲ့ကျိန်စာသင့်သူအဖြစ်
သိမ်ငယ်အထီးကျန်မှုထဲ လက်ကျန်ဘဝကိုသက်ဆုံးတိုင်မျောချပစ်လိုက်ပါ

၃၀.၁၂.၂၃

Comments