ဖိုးရွှေညီမှိုင်း - လွမ်းကြိုးဖြတ်ချိန်

Image- Credit
လွမ်းကြိုးဖြတ်ချိန်
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) အောက်တိုဘာ ၅၊ ၂၀၂၃

ကိုယ်လုပ်တဲ့ မှော်ရုံထဲ
ကိုယ်ကိုယ်တိုင် လမ်းပျောက်တာ
ကိုယ့်ကြောင့်ဖြစ်တဲ့ ကိစ္စ
ဘယ်သူ့မှ ဒုက္ခပေးစရာမလို
သံသရာ ဆိုတာက
သဘာဝ စစ်စစ်ကြီး။

မမြင်ဘူးလား
မကြားဘူးလား
မျက်ချေးတွေ ဆေးချလိုက်ပါ
ဝါဒတွေ
နားဖာချေးတွေ ကလော်ချလိုက်ပါ
ဝါဒတွေ။

နှောင်ဖွဲ့ကြိုးတွေ ဖြတ်တောက်
လူသားတယောက်ရဲ့ 
လူသားလို စဉ်းစားခွင့်သာ
ကိုယ်နဲ့ထိုက်တန်သင့်တယ်။

(၂၀၂၃ အောက်တိုဘာ ၄)

Comments