ဟီရု - အေးစိမ့်နေတဲ့ ကမ္ဘာကြီး

အေးစိမ့်နေတဲ့ ကမ္ဘာကြီး
ဟီရု
(သစ်ခက်သံလွင်) စက်တင်ဘာ ၃၊ ၂၀၂၃

လေပေါ်က ပျံလာတယ်
ခလုတ်ကို
ဒီအတိုင်း နှိပ်လိုက်လို့
ဘယ်ဖြစ်ပါ့မလဲ ။

အလင်းဆိုတာ
သဘာဝက
လာတယ်လို့ယူဆကြတယ်။

မြန်မြန်ဆန်ဆန် အစာစားဖို့
မြန်မြန်ဆန်ဆန်နေထိုင်ဖို့
မြန်မြန်ဆန်ဆန်ရှင်သန်ဖို့
ဆိုပြီး
တယောက်ကို တယောက်
မှားလို့မဖြစ်ဘူး။

အတွေးအခေါ်ထက် 
ဉာဏ်ပညာထက်
ပစ်မှတ်ကို
တိတိကျကျ ပစ်နိုင်တဲ့
ဉာဏ်ရည် အတုတွေကို
တီထွင်ခဲ့ကြပြီးပြီ။

စေတန် ဖြစ်ဖို့
ခလုတ် တခုပဲလိုတယ်တဲ့
အေး စိမ့်နေတဲ့
ကမ္ဘာကြီး။ ။

Comments