နေမင်းသ - လမ်း

လမ်း
နေမင်းသ
(မိုးမခ) ဩဂုတ် ၁၄၊ ၂၀၂၃

ပြောရဦးမယ်
ကျွန်တော်သွားတွေပိုချွန်သွားတဲ့နေ့ကပေါ့
အမာရွတ်တခုရဲ့အသံ
မြစ်ရဲ့အစွန်းဆီကကြားလိုက်တယ်
တခါတခါ ပန်းလိုပွင့်
တခါတခါယမ်းလိုပွင့်ခဲ့။

ပြောရဦးမယ်
ကျနော့်သွားတွေပိုချွန်သွားတဲ့နေ့ကပေါ့
အော်ဂလီဆန်စရာ အနံ့တခုရဲ့အသံ
ရေသေကန်အနားစွန်းဆီကကြားလိုက်တယ်
လူသေတယောက်ရဲ့မျက်နှာသေတေနဲ့
လူရှင်တယောက်ရဲ့ မျက်နှာရွှင်တွေနဲ့။

ပြောရဦးမယ်
ကျနော်သွားတွေ ပိုချွန်သွားတဲ့ နေ့ကပေါ့
လေထဲမှာ ပျော့ပျောင်းစွာကွေးညွှတ်နေတဲ့အသံ
ရိုနင်တေရဲ့လမ်းပေါ်ကကြားလိုက်တယ်
ဒြပ်မဲ့အခြေခံမူမဲ့ သစ္စာတရားတွေနဲ့
နိဗ္ဗာန်၀င် သွေးသားတွေနဲ့။



Comments