မနအ - အမုန်းစစ်ပွဲ

အမုန်းစစ်ပွဲ
မနအ
(သစ်ခက်သံလွင်) ဇူလိုင် ၂၆၊ ၂၀၂၃

အဲသည် တတောလုံး
အမုန်းကို သွန်သင် သိမ်းထုပ်ပြီးတဲ့နောက်
ဥစ္စာအစိမ်းခြောက်တဲ့  ဦးနှောက်တွေ 
ကွေး ကောက်၊ သေးနုပ်လာလိုက်ပုံများ
ယုတ်မာမှုက  တဖွားဖွား လွင့် လို့  .. ။ 
ဟောသည်က အရိုးခံတောကတော့
ရင်မောရင်း၊ နာကြည်းရင်း 
ဘဝသင်းကွဲ အစအနတွေကို သိမ်းဆည်းလို့
နာကျင်မှုမီးခဲတွေ သီးထပ်စိုက်မိလိုက်ပုံများ  
မုန်းတဲ့သူ  မကြားဝံ့ တဲ့
နှလုံးသားကြယ်တွေ  တဖွေးဖွေး  ပွင့် လို့   .. ။      ။    

၂၁ ဇူလိုင် ၂၀၂၃

Comments