ဘုန်းသု - ဖျတ်ခနဲ

ဖျတ်ခနဲ
ဘုန်းသု
(သစ်ခက်သံလွင်) ဇူလိုင် ၂၂၊ ၂၀၂၃

ဖျတ်ခနဲ
ရောက်ရှိလာကြပြီးနောက်
ဖျတ်ခနဲ
ပျောက်ရှသွားကြရမှာပဲ။

သမိုင်းမသေသူတွေက
သမိုင်းတွေ ချန်ခဲ့ပြီးနောက်
သမိုင်းသေသူတွေက
သမိုင်းနိဂုံး ပျောက်ရှသွား။

အရိုးသားဆုံး ရိုးသားခဲ့သူတွေဟာ
အရိုး ဆွေးမြေ့သွားပေမယ့်
နာမည်က ဆွေးမြေ့မသွားခဲ့ကြသလို
မရိုးမသား ကောက်ကျစ်ခဲ့သူတွေဟာလည်း
မရိုးမသားပဲ လူ့လောကထဲက
အောက်ကျနောက်ကျ ထွက်ခွာသွားခဲ့ကြရ။

ရိုးသားခြင်းဟာ ရှင်သန်ခြင်းဖြစ်ပြီး
မရိုးသားခြင်းဟာ သေဆုံးခြင်းဖြစ်တဲ့အကြောင်း
ဖျတ်ခနဲ
ဖျတ်ခနဲ
ပျောက်ရှမသွားခင်အချိန်တိုအတွင်း
အဓိပ္ပာယ်ကောက်မမှားဖို့သာ ။ ။

Comments