မနအ - ကျနော့်မှာ အမေရှိတယ်

ကျနော့်မှာ အမေရှိတယ် 
မနအ
(သစ်ခက်သံလွင်) ဇူလိုင် ၃၊ ၂၀၂၃

ခုနစ်စဉ်ကြယ်ပါ
ရှစ်ခွင်နယ် ဝဠာထက်မှာ
ညနက်သန်းကောင်ဆို
လမ်းညွှန်အိမ်မြှောင်တခုလို
သည်ကြယ်စုက အမြှီးထောင်ပြ
အမှောင်ကြီးစိုး  အ,ကာလ 
ကျနော့်မှာ အမေ ရှိတယ် ။

ခုနစ်စဉ်ကြယ်ကို မသိ
ရှစ်ခွင်နယ်ကို မသိ
ချစ်ခြင်းမေတ္တာကို မသိ
ခင်ဗျားမှာ အမေမရှိဘူး ။

မာတာ ယထာ နိယံ ပုတ္တ
မာယုသာ ဧကပုတ္တ မနုရက္ခေ ။

ခုနစ်စင်ကြယ်ပါပဲ
ရှစ်ခွင်နယ်ထဲက အမြုတေ ။

ခင်ဗျားမှာ အမေမရှိဘူး 
ကျနော့်မှာ အမေရှိတယ် ။       ။

၁၆ ဇွန် ၂၀၂၃

Comments