ဝါကျဖြူ - သက်ပြင်းဝင်ရိုးများ

သက်ပြင်းဝင်ရိုးများ
ဝါကျဖြူ
(သစ်ခက်သံလွင်) ဇွန် ၂၈၊ ၂၀၂၃

ငါငေးကြည့်နေမိတဲ့တိမ်တွေထဲမှာ
အိပ်ရာဝင်ပုံပြင်တွေဇောက်ထိုးလိမ့်ကျလို့ ။

အရိုးချောင်းတွေအပြိုင်းပြိုင်းထနေတဲ့ပင်လယ်ဟာညနေခင်းနေလုံးကိုထမ်းပိုးလို့ ။

ခေတ်ကြီးတခုလုံးကိုရင်ဘတ်ထဲထည့်ထားတဲ့သစ်ပင်တွေသံသရာစက်ဝိုင်းထဲမှာလက်ပြန်ကြိုးတုတ်နှောင်ခံထားရဆဲ ။

ငါငေးကြည့်နေမိတဲ့...
လူဖြစ်တည်မှုထဲကိုပြူတင်ပေါက်ဖွင့်ပြီးဘဝပေါ်ထိုင်ပြီးငေးကြည့်နေမိတဲ့
နာရီစင်ထိပ်ကလေညွှန်တံမှာမျက်ရည်စတွေသီးလို့။

အပွင့်အခက်တွေဝေဆာလို့။

တဆေသဘေ်ာပေါ်ကအစားအသောက်တွေကလောက်တွေတဖွားဖွားနဲ့ပေါ့ ။
19/6/23

Comments