ဝေးရင့်သီ - စစ်ဘေးရှောင်

Photo- Credit
စစ်ဘေးရှောင် 
ဝေးရင့်သီ
(သစ်ခက်သံလွင်) မေ ၃၁၊ ၂၀၂၃

ဒါဟာ 
စိမ်ပြေးတမ်းမဟုတ်ဘူး။ 

အသက်နဲ့ခန္ဓာကို 
ဖြစ်သလိုထုပ်ပိုးပြီး 
အကြောက်တရားနဲ့ရုန်းကန် 
ကျည်ဆံနဲ့ ဗုံးဆံတွေကြား 
ဆွဲမိတဲ့ကောက်ရိုးတစ်မျှင်ဟာလည်း 
အနာဂတ်။ 

ဝမ်းရေးထက် 
ပြည့်အရေးကပိုခက်တော့ 
ညောင်သီးမစားလည်း 
လေးသံနားစွင့်ရတယ်။ 

လူဖြစ်မှားတဲ့ခေတ်တွေထဲ 
လူဖြစ်ရတဲ့နောင်တနဲ့ 
ခဏခဏ
ပင့်သက်ချမိ
အပြစ်ရှိတာ ဘယ်သူလဲ။

ခုတော့ 
မဝရေစာပစ္စုပ္ပန်မှာ 
ရှင်သန်ခွင့်ရနေတာကပဲ 
ရခဲလှတဲ့
ဒုလ္လဘတရားလို 
ဘာလိုလို။      ။

2022

Comments