ခို မှီး ရာ မဲ့
မနအ
(သစ်ခက်သံလွင်) မေ ၃၀၊ ၂၀၂၃
ဖြိုးဖြိုးဖြောက်ဖြောက်နဲ့
အနောက်မြောက်တခွင်
မုတ်သုံက ထိုးစစ်ဆင်လာပြီဆို
လိပ်ပြာတွေ တောင်လို ပြိုဦးမှာလား ။
အပြိုအလဲတွေကြား
တိမ်းရှောင်၊ ရွေ့လျားရင်းက
ငှက်ဖျားအကိုက်ခံရတဲ့ အိပ်မက်တွေ
ရိတ်သိမ်းမရအောင် ပျက်ယွင်းလို့ ။
မျက်ရည်နဲ့တင် မလုံလောက်တော့ထင့်
ဖြိုးခနဲ ဖြောက်ခနဲဆို
ချောက်ထဲကျသွားတတ်တဲ့ အလွမ်းတွေက စိန်း
ကိုစောညိန်းအရောင်
သည်မိုးက မှောင်
သည်မိုးက ညို
အို .. ဒီမှာ
ခို
မှီး
ရာ
မဲ့ ။ ။
၂၇ မေ ၂၀၂၃
Comments
Post a Comment