ဖိုးရွှေညီမှိုင်း - ဇာတ်ညွှန်း

ဇာတ်ညွှန်း
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၅၊ ၂၀၂၃

မြစ်တစင်းလို လမ်းပေါ်မှာ
မြားတစင်းလို လျှောက်မရဘူး
ခွေးတကောင်လို ခြေတွေဟာ
မြင်းတကောင်လို ပြေးမရဘူး
စပယ်တပွင့်လို ဘဝဟာ
တိမ်စိုင်တခုလို လွင့်မရဘူး
သစ်တပင်လို ရပ်ခြင်းမှာ
ဝါးတပင်လို ညွှတ်မရဘူး
သဘာဝကို ပြောင်းဖို့ကြိုးစားရင်း
သဘာဝက ပြောင်းတာခံလိုက်ပါ
အခက်ထဲကအခဲကို ချေဖို့ကြိုးစားရင်း
အခဲထဲကအခက်မှာ ကျေမွပါ
ငြိမ်သက်မှုထဲက လှုပ်ရှားမှုကို
လှုပ်ရှားမှုထဲမှာတဖန် ပြန်၍ငြိမ်သက်ပါ
ထိုးထားသော ဆလိုက်မီးများပိတ်လိုက်ပါ။

၂၀၂၃ ဖေဖော်ဝါရီ ၃

Comments