မိုးမြင့်ယံ - အပူရောင် နွေဘဝများ

 အပူရောင် နွေဘဝများ 
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃

လေပွေ ရဲ့ သယ်ဆောင်ခြင်းမှာ
ရှပ်တိုက်ပြေးလွှား 

​ညှိုးရော်သွေ့ခြောက် လမ်းမတွေထက်
ဗာဒံရွက်ကြွေ​လို တလွင့်လွင့်

နွေအဆင်းနဲ့ အပူရောင်ထဲ
ဘဝတွေ ဖြာကျနေရပုံက
တံလျှပ်ရောင် တလက်လက်ထလို့

အဲ့ဒီ . . . အိုက်စပ်ခြင်းထဲမှာပဲ
နွေဟာ နွေကို ချစ်မက်နေပုံများ
အလျှံတညီးညီး .......။

Comments