စိုးရိမ် - ပွဲခေါ်တေး

ပွဲခေါ်တေး
စိုးရိမ်
(သစ်ခက်သံလွင်) ဇန်နဝါရီ ၇၊ ၂၀၂၃

စစ်မီးတောက်က
တဖြည်းဖြည်းကျယ်ပြန့်လာ တောက်လောင်လာတော့
'ငါ့အသက်ကို ငါပိုင်ရဲ့လား' ဆိုတဲ့ မေးခွန်းက
ပြည်သူတွေကြား ရေပန်းစားလာတယ်
ဟေ့...မြို့ကြီးပြကြီးတွေရေ... လူကုံထံတွေရေ...
ခင်ဗျားတို့ဆီလည်း ဒီမီးကကူးစက်လာတော့မှာဗျ
အမှန်က မိစ္ဆာကောင်ရဲ့အမြီးမှာလည်း မီးစွဲနေပါပြီ
မကြာတော့ဘူး ဒင်းတကိုယ်လုံးကိုလည်း
မီးကဝါးမြိုတော့မှာဗျ
ကဲ...တွေဝေမနေနဲ့
လာကြ တို့အများနဲ့လက်တွဲကြ
နှစ်သစ်ကူးပွဲလို ကောက်သစ်စားပွဲလို
ပွဲတော်မွန်တို့ရဲ့ အင်္ဂါရပ်အတိုင်း
မိစ္ဆာအောင်ပွဲမှာ တေးသီကြမယ် ကခုန်ကြမယ်။ ။

Comments