မင်းငြိမ်းအေး - လွမ်းစေတီ

လွမ်းစေတီ
မင်းငြိမ်းအေး
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၉၊ ၂၀၂၂

လေထဲကပြုတ်ကျလာတဲ့
ပန်းရနံ့တို့ကို
ပန်းတွေဆီပြန်ပေးခဲ့
နွမ်းလျအားဖျော့နေတဲ့
ခေါင်းလောင်းလေးပါးစပ်ကိုလည်း
ပိတ်ထားခဲ့
ဘဝအဆက်ဆက်ဆိုတဲ့
ကျကျန်နေတဲ့ဆုတောင်းအတုတွေကိုလည်း
လှဲကျင်းခဲ့
ဒီနေ့
သေဒဏ်ပေးခံရတဲ့ကျောင်းသားတွေအတွက်
မလွမ်းချင်လို့
ငါတက်လာခဲ့တယ်
လူတွေခေါ်တာတော့
လွမ်းစေတီတဲ့
အလွမ်းပြေရမှာပေါ့။

Comments