မိုးမြင့်ယံ - မျက်ရည် ဝဋ်ကြွေး


မျက်ရည် ဝဋ်ကြွေး 
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၂၂၊ ၂၀၂၂

အဲ့ဒီအငွေ့သက်တွေထဲမှာ
ပြာမှုန်စစနဲ့ အပူရောင်တွေ
ဒီဇင်ဘာ ဟာ
မြူမှုန်တွေကို ခပ်ဝေးဝေးမှာဖဲ့ချန်ခဲ့ပြီး
နှင်းကို ရှိုက်သံတွေနဲ့ ငိုကြွေးစေခဲ့
ဘယ်လိုစကားလုံးတွေနဲ့များ
သိမ်းကျူံးနှစ်သိမ့်ပေးရပါ့မလဲ
ဆောင်းရယ် မျက်ရည်တွေနဲ့များ
ငါတို့ရင်တွေကို 
ဘာကြောင့်များ လောင်မီးကျစေခဲ့ရတာလဲကွယ် ..... ။

20 . Dec . 2022

Comments