မိုးမြင့်ယံ
(သစ်ခက်သံလွင်) နိုဝင်ဘာ ၁၇၊ ၂၀၂၂
ပျောက်နေဆဲလမ်းတွေဆိုပေမဲ့
အခုချိန်ထိတော့ လျှောက်နေရတုန်းပဲ
အနားသတ်မညီတဲ့ စိတ်က
ကြိုးတန်းပေါ်က အဝတ်တစလို
တဖျပ်ဖျပ်လှုပ်ခတ်
ကိုယ်တိုင်စိုက်ပျိုးပြီး ရိတ်သိမ်းခွင့်မရတဲ့ရာသီတွေက
လေးလံအုံ့မှိုင်း အိကိုင်းညွှတ်ကျလို့
ဝေဒနာကို ဝေဒနာလို့ ရှုမှတ်ပြန်တော့လည်း
ကိုယ့် ဏ်ရာကိုယ်ပဲ ပြန်ပြန်ချစ်နေရတာကိုက
အချိုမြိန်ဆုံးသော ဒုက္ခဝန်ထုပ်ဝန်ပိုးများလား
တကယ်တမ်းတော့
ကွေ့ကွေ့ကောက်ကောက်သာ စီးဆင်းပါရစေလို့
ဘယ်မြစ်ကမှ ဆုပန်မလာပါဘူး .......။
Comments
Post a Comment