နေမင်းသ - ဒါတို့ပြည်

Art- KT#

 ဒါတို့ပြည်
နေမင်းသ
(သစ်ခက်သံလွင်) ဧပြီ ၈၊ ၂၀၂၆

*ဟောဒီမြေမှာ.
.ကြယ်တွေအရေးတကြီးထွက်ခွာသွားပြီးတဲ့နောက်....
.....::......................
..........,.......
...........................
ဟောဟိုမှာ တွေ့လား
ဖက်နဲ့ ထုပ်ထားတဲ့အရာတွေလေ
ငါတို့မှာ ထုပ်စရာဆိုလို့ မသေချ ာခြင်းသာ ရှိရဲ့
ဟောဒီ စုတ်ပြတ်နေတဲ့ဘဝကို ..လုံအောင်ထုပ်မယ့်
ဖက် ´
ဒီ အရပ်မှာ မပေါ်သေးဘူး
ဟောဟို အရပ်မှာ မိုးတွေရွာနေပြီဆို... ဒါဟာ..ငါတို့ငိုနေလို့ပါ
အဲဒီအရပ်မှာနှင်းတွေကျနေပြီဆို..ဒါဟာ ငါတို့ငိုနေလို့ပါ

ဟောဒီဘေးမှာ လေတွေတိုက်နေရင်.. ဒါဟာ ငါတို့ရဲ့ ပြေးလွှားမောဟိုက်သံတွေပါ
လေထဲက တဖောက်ဖောက်   အသံ !!!

ဘာသံလဲ..လို့....မမေးနဲ့..
....................................
စုတ်ပြတ်သွားတာ သစ်ရွက်တွေသာဖြစ်ပါစေ

လူ့အသက်တွေ ကြွေခဲ့ပေါင်း မျ ားခဲ့လှပြီမဟုတ်လား
ငါ  … ဒီနေရာလေး  ဆူးထိုးဆန်လေး  စိုက်ပါရစေ

ဒီနေရာမှာ ခေါင်ကလေး  နည်းနည်းဖောက်ပါရစေ
တောတွေပြုန်းနေတဲ့...ဟိုတောင်စောင်းမှာမြင်လား

ငါတို့လျောဆင်းခဲ့တဲ့စွတ်ကြောင်းရာတွေလေ
အဲဒီနားကအမိုးပွင့်နေတဲ့တဲအိမ်လေးကိုကော..တွေ့လား

အဲဒါ ငါတို့ဘဝကိုထည့်စိမ်ထားတဲ့ခေါင်ရည်ချိုတွေပေါ့
ဟိုနားကပြုတ်ကျသွားတဲ့ကမ်းပါးဟာလည်း  ငါတို့ အမာရွတ်တွေပဲ

မင်းမျက်စိရှေ့က. ယိမ်းနွဲ့နေတဲ့ကိုင်းပင်တောထဲကတိုးရှဲသံ
အဲဒါလည်း
ငါတို့ရဲ့ဝိညာဉ်အော်သံတွေပဲ

ဆာလောင်ခြင်းတွေနဲ့
ယောင်ကိုင်းဖောင်းပွနေတဲ့ အစာအိမ်ထဲမှာတော့
အသားဓာတ်မပါတဲ့အိပ်မက်တွေ
အဖျ င်းအမှော်တွေဟာဖြင့်...သန်း  ၅၀ မကပေါ့
ဖုန်းဆိုမြေဧက. သန်း. ၅၀ မကပေါ့

သယံဇာတအပျ က်အရှနဲ့ ကျိန်စာသင့်မြစ်ချောင်းတွေကလည်း သန်း ၅၀ ကျော်ပဲ
အဲဒီသန်း၅၀ ကျော်ဟာ  သန်းဝေခြင်းကမ်းပါးမှာ ကျေ ာက်ချလို့

အဲဒီလို နိုင်ငံတော်မှာ
ငါနေတယ်
စာအုပ်အစိမ်းနဲ့အင်္ကျီအဖြူဝတ်တဲ့နိုင်ငံတော်မှာ ငါ နေတယ်
အဲဒီအရပ်မှာ သေနတ်သမားတွေဟာ ထွားကြိုင်းသလောက်
ငါတို့ဟာသိမ်လှီစိတ်တွေနဲ့...ကြီးပြင်းခဲ့ကြရ

ကမ္ဘာကြီးရေ
ဒါဟာရေရောမထားလေတော့...ခါးသပေါ့..ကွာ

ငါတို့ဟာ....ဒီလိုနဲ့
နည်နည်းသိတော့နည်နည်းနည်းပြဿနာတက်လေသလားပဲ

ကြာလာတော့ `
ပညာ´´သံသယဝင်
ငါတို့ကိုယ်ငါတို့သံသယဝင်
အောင်မြင်ပါတယ်
မင်းတို့ ဘူသွင်းခရီးစဉ် အောင်မြင်လှသပေါ့

ဒီနေရာမှာပြဿနာရဲ့အစဟာဘာဖြစ်မလဲ
ပြဿနာရဲ့အဆုံးဟာဖြင့်..ဣဿာမစ္ဆရိယနဲ့ကိုယ်ကျိုး...စီးပွားရှာမူပဲ
အမှောင်ခေတ်တစ်ခုလုံးမှောင်လို့မဆုံးသေးတော့
အမှောင်ကိုအားပြုရင်း,...မိတ်လိုက်လို့...ကောင်းနေတဲ့
ဒီလိုအမှောင်ခေတ်ထဲကနိုင်ငံတော်မှာ
မမြင်စမ်းတမ်း...အပြင်ပန်းအလှတွေနဲ့
ငါတို့ဟာ
စစ်ကျွေးချ ခံထားရသူတွေ
ဟုတ်တယ်...ငါတို့ဟာ
စစ်ကျွေးချ ခံထားရသူတွေလေ

ငါတို့အတွက်နေညိုလိုက် မြေပြိုလိုက်နဲ့
အဲသလို နိုင်ငံတော်မှာလေ

နာရီတွေပေါ်မှာ...ရာသီတွေဟာ  ကွေးညွှတ်လို့
အသီးတွေမြင်ပါလျက်
အပင်မှာ......အစိမ်းလိုက်ကြွေကျလို့

ဆူးလှည်းကြီးဖြတ်သွားပြီးတဲ့အချိန်
လမ်းတစ်လျောက်တူးဖော်ကြည့်တိုင်း
မုဆိုးမနဲ့သားသေမိခင်တွေရဲ့မျက်ရည်ပင်လယ်တွေ..ဝေ...ကျလို့

အမှောင်ဟာလည်းပိန်းပိတ် တိတ်ဆိတ်ခြင်းကို..ညှစ်...ချလို့
အရှုံးကြွေးလည်းမကြေ..အနိုင်ကြွေလည်းမကြေနဲ့

ဖြူချည်ပြာချည် ဥပဒေ ရဲ့ တံစက်မြိတ်အောက်
သူခိုးက..လူလူဟစ်တဲ့ ဝင်ကစွပ်တွေရဲ့ခေတ်ထဲ

ငါတို့ဟာ
ရေဘေးကြောက်ရ...မီးဘေးကြောက်ရ
မင်းရေးလည်းကြောက်ရ
ခိုးသူဘေးကြောက်ရ..လေဘေးကြောက်ရ
သတင်းဘေးလည်းကြောက်ရနဲ့
အခု...လွတ်မြောက်လမ်းပြသူ... သင်္ကန်းသမားကိုပါကြောက်နေရ

အဲဒီလို နိုင်ငံတော်မှာ
ငါတို့ဟာ...ဒီလိုနဲ့
မျက်နှာရှိသူကိုကြောက်ရ..အာဏာရှိသူကိုကြောက်ရနဲ့
နောက်ကြောဟာ ဘယ်တော့မှမလုံတဲ့အရပ်မှာ
ငါတို့ ရင်ထဲကအသံ
ရင်ကွဲသံထက်ဘာပိုဦးမှာတဲ့လဲ

ငါတို့အတွက်တော့
ထမင်းတစ်လုပ်မှာ ဆီမပါဆားမပါတောင်လုံခြုံရေးတော့ပါချင်မိရဲ့
တွင်းထွက်တွေအပြည့်နဲ့....တွင်းထဲကမထွက်တဲ့နိုင်ငံတော်မှာ
မင်းယိုင်လဲသွားမလား
မှေးထားလို့မရတဲ့ သမိုင်းကိုထမ်းလို့ ..ငါတို့..အိမ်အပြန်လမ်းကို...တည့်မလား

လမ်းရေ.....
လှမ်းသူတွေရဲ့လမ်းဟာ
ခုနေခါချိုင့်ခွက်ပြွမ်းလည်း
နောင်အခါမှာဖြင့်
ဖြောင့်ဖြူးခြင်းနဲ့ပန်းလိုပွင့်မယ်လို့မျှော်လင့်ရင်း
လှုပ်လိုက်ရင်မြုပ်သွားမယ့်

မလှုပ်လိုက်နဲ့ ပဲ့သွားမယ့်
နဲ့...နေတဲ့ရေလယ်တိုင်တွေပေါ်ကနေ
ငါတို့လမ်း ငါတို့ရှာကြရပေါ့


Comments