ငဇ - လူငယ်

လူငယ်
ငဇ
(သစ်ခက်သံလွင်) နိုဝင်ဘာ ၂၉၊ ၂၀၂၂

ဂစ်တာအိုးထဲမှာ မြေဆွေးဖြည့်
စီဒီချပ်လေး ထည့်စိုက်လိုက်ရင်
သီချင်းပင်

သွားစမ်း
အရည်မရ အဖတ်မရတွေ...

စိတ်ကူးမယဉ်ဘူးကွာ
ထွီတယ်ကွာ
ရိုင်းရိုင်းပဲ

ကနွဲ့တဲ့ နရီမှန်သမျှ
စကားလုံးတွေ အကုန်
ငေါ့ပန်းပစ်တယ်
ရိုင်းရိုင်းပဲ

လူငယ်ဟာ
သေနတ်ကို ဂစ်တာလုပ်တီးတယ်
ရိုင်းရိုင်းပဲ။

Comments