ဒီသစ် - မိုးကျွံချိန်

မိုးကျွံချိန်
ဒီသစ်
(သစ်ခက်သံလွင်) အောက်တိုဘာ ၁၆၊ ၂၀၂၂

"ဂင်္ဂါ"ကတော့
ငြိမ့်ငြိမ့်​လေးသာ စီးခဲ့ပါသတဲ့။

ကမ်းမပျောက်ခင်
တွန်းဖယ်ထားရဦးမယ်မို့လား
ဆူးညှောင့်နဲ့တုံးမျောတွေ
မြေနုထွန်းတော့ ဖုံးမနေအောင်။

မြစ်က
မချစ်ကြလို့မှ မရပဲလေကွယ်။

Comments