အူးဘသီ(ဇွတ်ဘဲ) - "ကျွတ်ကျဲ နဲ့ ဘွတ်အဲ ဖတ်ဖို့"

"ကျွတ်ကျဲ နဲ့ ဘွတ်အဲ ဖတ်ဖို့"
အူးဘသီ(ဇွတ်ဘဲ)
(သစ်ခက်သံလွင်) အောက်တိုဘာ ၁၁၊ ၂၀၂၂

လည်ဂုတ်မှာ
ခြူ(ခလောက်)ဆွဲခံထားရတဲ့ နွားတွေ 
အုပ်စုလိုက်သွားနေသလို
လူ တွေ ဟာ
လှုပ်လှုပ် ရွ ရွ 
မြည်နေတဲ့ အသံတွေက ကွီစိ ကွစ ...

လက်ကားယား
ခြေကားယားနဲ့
ရမယ်ရှာပြီး သွားတဲ့ ဘုရား
(ဖူးရုံ )ဦးချရုံသက်သက်ပဲ မို့
လာထား 
ဆယ်ဖီလ်ဆွဲထား ....
တက်စ် တွဲထား .....
မင်းတို့အိမ် ပြာမကျသေးဘူးမဟုတ်လား |
ဟိုနား ဒီနား
ဟို ဘုရား ဒီဘုရား
တစ်ယောက် ငါးထောင်လိုက်ကြမလား
လာထား 
ငရဲ 
တိရစ္ဆာန်
အသူရကယ် ဘုံဋ္ဌာနတွေ
ဒလိမ့်ခေါက်ကွေး သွားကြမယ်
လာထား...

ပရဝုဏ်အနှံ့ 
ပျော်ပျော်ရွှင်ရွှင် အပူတွေစုဝေး ကြ
စကားအရ 
ဘုရားကို  တ ကြပေမယ့်
တရားအသိတော့ 
ဘယ်သောအခါမျှ မရကြ 
လူအန္ဓတွေ
ငါ တို့ တိုင်းဋ္ဌာနေမှာ
များလှ ။        ။

အူးဘသီ(ဇွတ်ဘဲ)
(8/10/2022.)

Comments