အရေးတော်ပုံ ဘသီ - တအိမ် တ‌ယောက် ဆင်းလာခဲ့ ပွဲပြတ်တယ်

တအိမ် တ‌ယောက် ဆင်းလာခဲ့ .... ပွဲပြတ်တယ်
အရေးတော်ပုံ ဘသီ
(သစ်ခက်သံလွင်) စက်တင်ဘာ ၂၀၊ ၂၀၂၂

အဆုံးသပ်ခါနီးမှ
ပြဿနာတွေ ပိုရှုပ်‌ထွေးလာ
လက်ကိုင်ဖုန်းတွေက အရင်ထက်ပိုပြီးပူလာ
ရှိစု မဲ့စု စိတ်တွေလည်း 
ဆူပွက် ပေါက်ကွဲ‌တော့မယ့် အဆင့်အထိ
အားယူလာတဲ့ပုံသဏ္ဌာန် မြင်နေရ
ညဉ့်လယ်သန်းခေါင်ယံ
ပလီပလာ‌တေးသံ‌တွေက‌တော့
နီကြောင်ကြောင်မျက်လုံးတွေကို ဖြုတ်လိုက်တပ်လိုက်လုပ်ရင်း 
ဝေစုရမလားလို့ မျှော်လင့်နေတဲ့‌လေထုအတုတွေနဲ့
သူတင်ကိုယ်တင်
လက်ရည်သွေးရန် ချိန်းဆိုထားသည့်အကြောင်း
စကားစစ်ထိုးကောင်းနေတုန်း

ခပ်ပြင်းပြင်းမောင်းနှင်လာတဲ့
ကားစက်သံတွေနဲ့အတူ
ကျက်သရေမရှိ ကျယ်ကျယ်လောင်လောင်
ခွေးဟောင်သံတွေကို 
မကြားချင်ပဲ မကြာခဏ  ကြားနေရတယ်

လျပ်စီးကြောင်းတွေပြတ်တောက်မှုနဲ့အတူ
မှောင်မည်းနေတဲ့အရေးပေါ်အခြေအနေတခုအောက်မှာ
နိုင်ငံတော်ရဲ့ ညရေးညတာဟာ
ခနော်နီခနော်နဲ့ခုတင်တလုံးပေါ်
ဆန့်ဆန့်ကြီးလဲလျောင်းရင်း
စားမဝင်အိပ်မပျော်ဖြစ်နေခဲ့တာ ကြာပြီ။

ဖင်တကြွကြွ ရင်တမမနဲ့
သက်ပြင်းချဖို့တောင်
အသံမထွက်ရဲဘူးဖြစ်နေရရှာတဲ့နိုင်ငံတော်ရဲ့
အကြပ်အတည်းအပေါ်
ရက်စွဲဆောက်တည်ရာမမှန်တဲ့ 
ခွေးတိရစ္ဆာန်အစုအဖွဲ့တွေရဲ့ အဆွယ်အပွား
ဝိသမလောဘသမားတွေရဲ့ စိတ်အကြံဆိုး‌တွေကလည်း
အပူကို လေပင့်သလို
ပိုပို ကျွမ်းလောင်စေခဲ့။

တစုံတခု‌သော မောဟများနဲ့အတူ
ကိုယ်လုပ်ကိုယ်စား ဝေလေလေလေသမားတွေက‌တော့
ခုနှစ်နေ့ခုနှစ်နာမ်ဘုရားတွေကို လှည့်ပတ်ဖူးကောင်းနေတုန်း ..

နေတတ်ရင် ကျေနပ်စရာပဲဆိုတဲ့ကောင်တွေကလည်း
တလှုပ်လှုပ် တရွရွနဲ့
ခွေးဝမ်းသာအောင် လေလည်ပြနေကြ

တတိုင်းလုံး တပြည်လုံး
ဒီလောက် ရွာကြေ မြို့ကြေ
မွစာကျဲနေတာတောင်
ကြားနေ ... ကြားနေ... ဆိုပြီး
မေတ္တာသုတ်ရွတ် အိပ်မက်ကောင်းနေတဲ့ကောင်တွေလည်းရှိသေး ...

ဒဘလယ် လိုက်နေတဲ့
ရစ်ဗလယ် အမှိုက်တွေကလည်း
နေရာစုံမှာ ပိုးလောက်လန်းတွေလို ရွံ့စရာ ....

"ဆီမွန် ဒီဗူးဘွား" က ပြောဖူးတယ်
"ဖိနှိပ်သူ အာဏာရှင်မှာ 
ဖိနှိပ်ခံတွေထဲက
သူ့ဩဇာခံကြံရာပါတွေသာမရှိရင်
သူ ဒီလောက်အားကောင်းမှာ မဟုတ်ဘူး" တဲ့
(* သွေးပွက်အောင် ညှဉ်းဆဲခံနေရတဲ့
တော်လှန်ပြည်သူစစ်စစ်တွေဖက်က
အထူးသတိပြုစေနိုင်ရန် စာစကား )

ဒီ တော်လှန်ရေးမှာ
အသက် နဲ့ ဘဝတွေပေးပြီး 
 ကျားကုတ်ကျားခဲ တိုက်နေရတာတွေကို
နှောင့်နှေးကြန့်ကြာအောင်
အာဏာရှင် ဘောမပေးနေတဲ့ သဘောက်မသားတွေဟာ
အာဏာရူး‌တွေနဲ့ ပလူး
တစင်ထဲကနေ မြူးနေကြတဲ့ လူပျက်လူကြောင်တွေပါပဲ 

လူပျက် လူကြောင်
လူထူ လူအ လူန လူဖျင်း
ကြားနေ
လစ်ဘရယ်
တောကြောင်
ခေတ်ပျက်ကြီးပွားရေးသမား အမြတ်ကြီးစား 
သတင်းပေး  သတင်း ယူ 
သစ္စာဖောက်  ‌လောက်ကောင်  
နှစ်ဖက်လွှ
အဲဒီအားလုံးဟာ ခွေးသာသာ လူယုတ်မာ ရန်သူတွေပဲ

ရန်သူကို 
ရန်သူလို့ ပြတ်ပြတ်သားသား မြင်တတ်ပြီး 
အကြွင်းမဲ့ ရှင်းကို ရှင်းပစ်ရမယ်ဆိုတာ 
ယတိပြတ်ပိုင်းဖြတ်နိုင်ရမယ်
ဒါ တိုက်ပွဲခေါ်သံဖြစ်တယ်

သင့် မိသားစုကိုပြိုကွဲအောင် လုပ်တာ
သင့် ရန်သူပဲ

သင့် မိတ်ဆွေ ဆွေမျိုးဉာတိကာကို 
မီးလောင်တိုက်သွင်းသတ်ဖြတ်တာဟာ
သင့် ရန်သူပဲ

သင် နှင့် တကွ ထိစပ်ပေါင်းကူးရာ
နေရာ ဒေသန္တရ တိုင်းဒေသ ဌာနများကို
မီးလောင်တိုက်သွင်း လုယက်သတ်ဖြတ်
နေရာထိုင်ခင်းမဲ့သူတွေဖြစ်အောင်လုပ်တဲ့သူဟာ 
သင့် ရန်သူပဲ

ရန်မူနေတဲ့ရန်သူကို 
ပုဝါမကူ ရေ မရှူ စတမ်း
သွေးသစ္စာ သန္နိဋ္ဌာန်ထမ်းပြီး အဖက်ဖက်က တိုက်ကြ
ဒါ တိုက်ပွဲခေါ်သံဖြစ်တယ်

ရန်မူ မာန်ဖီနေတဲ့ ရန်သူခွေးဝဲစားတွေကို 
အမြစ် အမြီးပါမကျန် တစစီဖြစ်သွားအောင်
မီးကုန် ယမ်းကုန် တိုက်ကြ 
ဒါ တိုက်ပွဲခေါ်သံဖြစ်တယ်

လူထုရဲ့အမြင့်ဆုံးအောင်လံ
ပြည်သူတွေနဲ့အတူ တလူလူ လွှင့်တင်ကြ။        ။



Comments