မိုးမြင့်ယံ - တစစ်စစ် နာ

 
တစစ်စစ် နာ 
 မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဩဂုတ် ၁၂၊ ၂၀၂၂

ဒဏ်ရာတွေနဲ့ ရင်းနှီးကျွမ်းဝင်နေရတဲ့
နေ့တွေ ညတွေထဲ
အိပ်တန်းမဲ့ ငှက်ငယ်တို့ရဲ့ငိုကြွေးသံဟာ
ငါ့ ရင်မှာ တစစ်စစ် နာ

ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ လုံးပမ်းနေရတဲ့
ကာလဝိပ္ပတ္တိခေတ်ကြီးထဲမှာ
ညစာထမင်းဝိုင်းပျောက်ရှခဲ့ရတဲ့ မိသားစုတွေအတွက်
ငါ့ ရင်မှာ တစစ်စစ်နာ 

နာမကျန်းမှု နဲ့ ပျောက်ဆုံး​နေတဲ့ငွေအသပြာကြား
ဒဏ်ရာပေါ် ဒဏ်ရာဆင့်ပြီး
ထွက်ခွာပေးခဲ့ရတဲ့ ကျဘန်းလုပ်သား
ကျောမွဲလူတန်းစားတွေအတွက်
ငါ့ ရင်မှာ တစစ်စစ် နာ

အရေခြုံဝံပုလွေတွေနဲ့ လူလိမ်လူကောက်တွေကြီးပွားနေတဲ့ကာလကြီးထဲ
တောတောင်တွေ နဲ့ မြိုပြတွေထဲ
အသက်ကို အသက်နဲ့ထုပ်ရင်း
မြင့်မြတ်တဲ့ ရဲ့ရင့်လူငယ်တွေအတွက်
ငါ့ ရင်မှာ တစစ်စစ် နာ

ဘာကိုမှ အသုံးမကျတဲ့
ငါ့ ကိုယ် ငါ အတွက်လည်း
ငါ့ မှာ .....
တစစ်စစ် နာ  ။           ။

6 . 8 . 2022

Comments