မင်းငြိမ်းအေး - မိသားစု

မိသားစု
မင်းငြိမ်းအေး
(သစ်ခက်သံလွင်) ဩဂုတ် ၇၊ ၂၀၂၂

နေရစ်တော့
အလွမ်းရဲ့ချုပ်သားနဲ့
သဲကြိုးအသစ်မလဲနိုင်သေး
ကြယ်ပန်းကုံးလေး
ကြံပန်းခိုင်လေး
လွမ်းမိပြန်တယ်
စုထားတဲ့ရွက်ခြောက်တွေ
အကိုင်းနဲ့ပြန်ဆက်ရဦးမယ်
သိမ်းထားတဲ့ကြယ်တွေ
မိုးပေါ်လွတ်တင်ရဦးမယ်
ရေနဲ့သဲနဲ့ဝေးပါစေ
မိုးနဲ့မြေနဲ့နီးပါစေ ။

Comments